ကာတာ၊ နိုဝင်ဘာ (၉)

ကာတာမှာ  ပြင်ဆင်နေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့ နှစ်ပတ်မပြည့်မီအချိန်မှာ ကာတာကမ္ဘာ့ဖလား သံတမန်တစ်ဦးက လိင်တူဆက်ဆံခြင်းဟာ”စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်” လို့ ဂျာမန်ရုပ်သံ ZDFကို ပြောကြားခဲ့လို့ ပွဲဆူနေပါတယ်။

ဒိုဟာမှာ  ရိုက်ကူးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကာတာနိုင်ငံလက်ရွေးစင်ဟောင်း ခါလစ်ဆာမန်းက ကာတာမှာ လိင်တူဆက်ဆံမှုဟာ တရားမဝင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို လာရောက်မယ့် ဧည့်သည်တစ်သန်းကျော်ကို နိုင်ငံက မျှော်လင့် ထားကြောင်း၊ ပြိုင်ပွဲအတွက် ကာတာနိုင်ငံကို လာရောက်မယ့် ဘယ်သူမဆို နိုင်ငံရဲ့ စည်းကမ်းနဲ့အညီ နေထိုင် သင့်တယ်လို့ သူကပြောကြားခဲ့ပါတယ်။  

“သူတို့က ဒီမှာ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေကို လက်ခံရမှာ၊ လိင်တူဆက်ဆံခြင်းဟာ ဟာရမ် (တားမြစ်ထားချက်) ဖြစ်တယ်” လို့ သူ့ရဲ့ အင်တာဗျူးကောက်နုတ်ချက်မှာ  ပြောခဲ့ပါတယ်။  

“ကျွန်တော်က စည်းကြပ်တဲ့ မွတ်စ်လင်မ်တစ်ယောက် မဟုတ်ပေမယ့် ဘာကြောင့် ဟာရမ် ဖြစ်ရတာလဲဆိုရင် စိတ်ထဲမှာ ပျက်စီးနေတာကြောင့်ပါ” လို့ မေးခွန်း မေးတဲ့အခါ သူက ပြောခဲ့ပါတယ်။

အဲဒီနောက် လိုက်ပါလာတဲ့ တာဝန်ရှိသူက အင်တာဗျူးကို ချက်ချင်းရပ်လိုက်ပြီး မှတ်ချက်ပေးရန် ကာတာရှိ FIFA နဲ့ ကမ္ဘာ့ဖလားစီစဉ်သူတွေထံ ဆက်သွယ်ခဲ့ရာ ပွဲစီစဉ်သူတွေက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း နိုင်ငံတွင်းကို လူတိုင်း ကို ကြိုဆိုကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါတယ်။  

လိင်တူဆက်ဆံခြင်းဟာ ရှေးရိုးဆန်တဲ့ မူဆလင်နိုင်ငံမှာ တရားမဝင်ဖြစ်ပြီး အချို့သော ဘောလုံးကစားသမား တွေဟာ ကာတာဥပဒေတွေက ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

ပွဲအတွက် ခရီးသွားပရိသတ်တွေထဲမှာ အထူးသဖြင့် LGBT+ တစ်ဦးချင်းနဲ့ အမျိုးသမီးတွေ၊ အခွင့်အရေးအဖွဲ့ တွေကိုလည်း အဲဒီလို စိုးရိမ်စိတ်တွေရှိနေတယ်လို့ ပြောကြားခဲ့တာပါ။

ကာတာဟာ  ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပထမဆုံး အရှေ့အလယ်ပိုင်း နိုင်ငံဖြစ် ပေမယ့်လည်း  မကြာသေးမီနှစ်များအတွင်း သူ့ရဲ့ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် ဆက်ဆံမှုနဲ့ တင်းကျပ်တဲ့ လူမှုရေးဥပဒေတွေကြောင့် ပြင်းထန်တဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.