ပြုံယမ်း – နိုဝင်ဘာ(၉)
ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားနိုင်ငံကို မြောက်ကိုရီးယားက အမြှောက်ကျည်တွေ ထောက် ပံ့နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲပြောဆိုမှုဟာ အခြေအမြစ်မရှိဘူးလို့မြောက်ကိုရီးယားနိုင်ငံ ပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ အကြီးဆုံး လေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ ချိန်မှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် လက်နက်စမ်းသပ်မှုတွေ အရှိန် အဟုန်မြင့်လာပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေမြင့်တက်လာချိန် အခုလို စွပ်စွဲမှု တွေမြင့်တက်လာခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ နျူကလီးယားစမ်းသပ်မှုကို အဆုံးစွန်သွားနိုင် တယ်လို့လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးထားပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီရဲ့ ထုတ်ပြန်ချက်မှာ မြောက်ကို ရီးယား က ရုရှားကို တင်ပို့တဲ့ အမြှောက်တွေဟာ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် အာဖရိကကို တင်ပို့ရောင်းချမှုအဖြစ် ဖုံးကွယ်ထားတယ်လို့ ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ လက်နက်ရောင်းဝယ်ရေးဆိုင်ရာ အခြေအမြစ်မရှိတဲ့ ကောလဟာ လတွေကို အဆက်မပြတ်ဖြန့်ဝေနေတာဖြစ်တယ်လို့ မြောက်ကိုရီးယားအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်ဘက်ရေးရာ နိုင်ငံခြားရေးဒုတိယညွှန်ကြားရေးမှူးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
နိုင်ငံတကာနယ်ပယ်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေဖို့ အမေရိကန်ရဲ့ ရန်လိုတဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချနေတာဖြစ်တယ်လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆို ထားပါသေးတယ်။
“ရုရှားနဲ့ ‘လက်နက် ရောင်းဝယ်မှု’ တစ်ခါမှ မလုပ်ဖူးကြောင်းနဲ့ အနာဂတ်မှာ အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာကို ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းအသိပေးထားပါတယ်။
ဒါပေမယ့် ရုရှားက ခဲယမ်းတွေအမှန်တကယ် လက်ခံရရှိတာ ရှိမရှိကို အမေရိကန် အရာရှိတွေ မသိထားဘူးလို့ ခါဘီက ပြောဆိုထားပြီး တင်ပို့မှုတွေကို စောင့်ကြည့်ဖို့ ကြိုးစားနေတယ်လို့ ပြော ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို အမြှောက်ဒုံးကျည်တွေ လျှို့ဝှက်စွာ ထောက်ပံ့ ပေးနေတယ်လို့ အမေရိကန် သတင်းတွေမှာ ဖော်ပြထားပြီး သူတို့ဟာ အရှေ့အလယ်ပိုင်း နိုင်ငံ တွေနဲ့ မြောက်အာဖရိကကို ပို့ဆောင်နေပုံပေါ်စေဖို့ ဟန်ဆောင်ကြိုးပမ်းခဲ့ပြီး လက်နက်တင်ပို့မှုရဲ့ ဦးတည်ချက်အဖြစ်အမှန်ကို ဖုံးကွယ်နေတာဖြစ်တယ်လို့ ခါဘီက သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားဟာ သူတို့ရဲ့ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်မှုနဲ့ စတင်ခဲ့တဲ့ ရှည်ကြာတဲ့ စစ်ပွဲကို ပို့ဆောင်ပေးနိုင်တဲ့ ကျည်အရေအတွက် လုံလောက်မှုရှိတယ်လို့ အမေရိကန် ကယုံကြည်နေပေမယ့် အမေရိကန်နဲ့ နေတိုးမဟာမိတ်ိတွေက ထောက်ပံ့ပေးနေတဲ့ ယူကရိန်းတပ် တွေထက်တော့ အသာစီးရရှိဖို့ မဖြစ်နိုင်ဘူးလို့ ခါဘီက ထပ်မံပြောဆိုခဲ့ပါတယ်။
Ref: CNA