ဘန်ကောက်၊ နိုဝင်ဘာ (၉) 

လွန်ခဲ့တဲ့ လအတွင်းက ထိုင်းအစိုးရက ကြေငြာခဲ့တဲ့ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှု ဥပဒေကြမ်း အသက် ဝင်မှုအချိန်ကို ရွှေ့ဆိုင်းကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

အဲဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အစိုးရအေဂျင်စီတွေအကြား မူဝါဒပိုင်းတွေကို ဆွေးနွေးနေဆဲဖြစ်တာကြောင့် ပယ်ချမှာ မဟုတ်ပေမယ့်လည်း အချိန်ကာလတစ်ခုကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

ဝန်ကြီးချုပ် ပရာယွတ်ရဲ့ အစိုးရအဖွဲ့ကတော့ ဥပဒေကို နောက်ပိုင်းမှာ ပြန်လည်အသက်သွင်းဖို့နဲ့ အတည်ပြု၊ မပြု စတဲ့အကြောင်းအရာတွေကိုတော့ အသေးစိတ်ရှင်းလင်းခဲ့တ မရှိသေးပါဘူး။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့  အဲဒီဥပဒေကို ပြန်လည် ရုတ် သိမ်းနိုင်ဖို့ ဝန်ကြီးအဖွဲ့က ခွင့်ပြုမှာ ဖြစ်တယ်လို့ အတည်ပြုပြောဆိုထားတာပါ။

ဥပဒေကို ရုတ်သိမ်းလိုက်ပါက နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှုတွေနဲ့ ပတ်သတ်ပြီး ၂၀၀၂ခုနှစ်က ပြဌာန်း ထားတဲ့ နည်းဥပဒေတွေအတိုင်းသာ အကျိုးသက်ရောက်မှု ရှိတော့မှာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားများ အိမ်နှင့်မြေများ ဝယ်ယူခွင့်ပြုမယ့် ဥပဒေကို ပြီးခဲ့တဲ့လက ခွင့်ပြုပေးဖို့ ဆုံးဖြတ် ချက်တစ်ရပ် ချမှတ်ခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အိမ်၊ခြံ၊မြေ ဝယ်ယူလိုသူ နိုင်ငံခြားသားတစ်ဦးဟာ အနည်းဆုံး ဘတ်ငွေ သန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး သုံးနှစ်အတွင်း ရင်းနှီး မြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်လျှင် အိမ်နဲ့မြေကို ဝယ်ယူနိုင်မည်ဖြစ်ပြီး လယ်ယာမြေဥပဒေပုဒ်မ ၆၃ အရ ဝယ်ယူသောမြေဟာ (၁၆၀၀ စတုရန်းမီတာ) ထက် မပိုရလို့ ပြဌာန်းခဲ့ တာဖြစ်ပါတယ်။

အဲဒီဥပဒေအသစ်ဟာ တစ်လအကြာမှာ အသက်ဝင်မှာဖြစ်ပြီး ၅ နှစ်အတွင်း သက်ရောက်မယ်လို့ ဝန်ကြီး အဖွဲ့က ပြောကြားခဲ့ဖူးပါတယ်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ထိုင်းနိုင်ငံအတွင်း ဆွဲဆောင်ဖို့ အခုနှစ်အစောပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနက အဆိုပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဥပဒေကြမ်းရဲ့ အကျုံးဝင်မှုကို ဆိုင်းငံ့ကြောင်း ဝန်ကြီးချုပ် ပရာယွတ်က ဒီကနေ့ နိုဝင်ဘာ ၈ရက်နေ့မှာ ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။

Ref,ThaiEnquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.