November 7, 2022

ဆားလင်းကြီးမြို့နယ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် (၁၁) လပြည့်အထိမ်းအမှတ်ပြုလုပ်

ဆားလင်းကြီး – နိုဝင်ဘာ(၇) စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် (၁၁) လပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တွေက အလေးပြုတာနဲ့ ဝမ်းနည်းခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြပါတယ်။ ဓာတ်ပုံ – CJ

ရေးမြို့နယ်မှာ ဆိုင်ကယ်နဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ကို လည်ပင်းထိုးသွင်း ဒဏ်ရာတွေနဲ့ ပြန်တွေ့

ရေး – နိုဝင်ဘာ(၇) မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နဲ့အတူပျောက်ဆုံးနေတဲ့ အသက် (၁၆) နှစ်အရွယ်အမျိုးသမီးငယ်ကို လည်ပင်ထိုးသွင်း ဒဏ်ရာတွေနဲ့ လမ်းဘေးခြုံကြားတစ်နေရာမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၆) ရက်နေ့ ညနေပိုင်းက နှစ်ကရင်ကျေးရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်ခင် သုဿာန်အနီးက ခြုံကြားမှာ မဖူးပွင့်ကဗျာကို လည်ပင်းထိုးသွင်းဒဏ်ရာ (၅)…

မော်လမြိုင် တန်ဆောင်တိုင် မြင်ကွင်းတချို့

မော်လမြိုင်၊ နိုဝင်ဘာ ၇ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆွမ်းအိုးမျှောပွဲနဲ့ စတုဒိသာကျွေးမွေးတာတွေကို မြို့ပေါ်ရပ်ကွက်ရှိ နေရာတချို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဓါတ်ပုံ- WLM , Zin Moe

NUG လက်အောက်ခံစာသင်ကျောင်းရဲ့ ပညာရေးစုံညီပွဲတော်နဲ့ ဆုနှင်းသဘင်အခမ်းအနား

ရေစကြို – နိုဝင်ဘာ(၇) မကွေးတိုင်း ရေစကြိုမြို့နယ် မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန (MOE) ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဦးဆောင်မှုအောက်မှာဖွင့်လှစ်ထားတဲ့ CBE ကျောင်း ရဲ့ပညာရေးစုံညီပွဲတော်နဲ့ ဆုနှင်းသဘင်အခမ်းအနားကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၄) ရက်နေ့က ကျင်းပခဲ့ ကြပါတယ်။ ဓာတ်ပုံ – ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့

X-Ray ကြောင့် စိတ်မအေးဖြစ်နေကြရတဲ့ ခရီးသွားပြည်သူများ

သံလွင်တိုင်းမ် ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လူသားတိုင်းရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးတွေကို လူ့အခွင့်အရေးကြေညာစာတမ်းဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအုပ်စိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ အချက် ၃၀ ပါ အခြေခံလူ့အခွင့်အရေးတွေကို မြန်မာပြည်သူပြည် သားတွေ တစ်ပြားသားမှ မရကြပါဘူး။ မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်းမရှိစေရ၊ လူတိုင်း တရားဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံခံရမည်၊ မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊…