Radio Than Lwin Times(4/11)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မော်လမြိုင်- နိုဝင်ဘာ(၄) အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးက ပြည်သူပိုင်နေအိမ် အလုံး(၁၅၅၀) ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတင်မဟုတ်ဘဲ ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်း၊မကွေး၊ချင်း၊မွန်၊ရှမ်း၊ရခိုင်၊ပဲခူးနဲ့ တနင်္သာရီတိုင်း ထဲက ပြည်သူတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ စစ်ကောင်စီရဲ့…
အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့ကို နိုဝင်ဘာလ ၁ ရက်နေ့ အကြမ်းဖက်သမားများမှ…
ရန်ကုန် – နိုဝင်ဘာ(၄) ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီသိမ်းယူထားတဲ့ (YBS)ကားဝင်းကို HUMAN RIGHTS DEFENDERS (HRD) အဖွဲ့က မိုင်ခွဲတိုက်ခိုက်ခဲ့တယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းနဲ့ ကနောင်မင်းသာကြီးလမ်းထောင်က စစ်ကောင်စီ ပိုင်ကားဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃) ရက်နေ့ ညပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာလို့ ဆိုထားပါတယ်။…
ကိဗ်၊ နိုဝင်ဘာ (၄) ယူကရိန်းရဲ့ ဧရိယာတွေကို နိုဝင်ဘာလ (၃) ရက်နေ့မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ဥရောပကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးတဲ့ အကြီးဆုံး နျူကလီးယားစက်ရုံ အပါအဝင် ဒေသအများ အပြားမှာ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ယူကရိန်းတောင်ပိုင်းရှိ ဇာပိုရီဇီဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ရုရှားရဲ့ပစ်ခတ်မှုကြောင့် ကျန်ရှိ…
ဘန်ကောက်၊ နိုဝင်ဘာ (၄) ခန့်မှန်းခြေတန်ဖိုး ၁.၈ ဘီလီယမ်တန်ဖိုးရှိတဲ့ မြန်မာသူဌေးကြီး ထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ မူးယစ်ကွန်ရက်နဲ့ ပတ်သက်မှုရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းနိုင်ငံရဲ့ မြို့ပြရဲတပ်ဖွဲ့ဗျူရို နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့မှ ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့ရဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့လုပ် ဆောင်သွားဖို့လည်း ရှိနေတာပါ။ တရားရေးဝန်ကြီး ဆွမ်ဆက် ထပ်ဆူတင်ရဲ့…
ဝါရှင်တန် – နိုဝင်ဘာ(၄) ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ငြင်းပယ်ခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တချို့ရဲ့ ခြိမ်းခြောက်မှုဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး သူတို့ကို လှုံ့ဆော်ခဲ့တဲ့ သမ္မတ ဟောင်းဒေါ်နယ်ထရန့်ကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ သမ္မတဘိုင်ဒင်က ဒီမိုကရက်တွေက အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ချုပ်ကိုင်ထားမလား ဒါမှမဟုတ် ရီပတ်ဘလစ်ကန်တွေကို အာဏာလွှဲမလားဆိုတာ အမေရိကန် တွေမဆုံးဖြတ်ခင် ရက်ပိုင်းအလိုက “အမှားမလုပ်မိစေနဲ့…
မော်လမြိုင်၊ နိုဝင်ဘာ (၄) သတင်းသမားတွေအပေါ် စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ တာဝန်ရှိသူတွေကို Free Experssion Myanmar က တောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာသတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှု တွေကနေ ပြစ်ဒဏ်ကင်းလွတ်နေခြင်း ရပ်တန့်ရေးနေ့”အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း…
ရန်ကုန်၊ နိုဝင်ဘာ(၄) ရန်ကုန်မြို့မှာ ခိုးဆိုးလုနှိုက်အမှုတွေနဲ့ အိမ်တွင်း အထိဝင်ရောက်ပြီး အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အတွက် မြို့နေပြည်သူတွေဟာ စိတ်မလုံခြုံမှုနဲ့ နေထိုင်နေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်နဲ့ နိုဝင်ဘာပထမပတ်အတွင်းမှာ အနုကြမ်းစီးခံရမှုအပါအဝင် ခိုးဆိုးလုနှိုက်မှု ၁၅ မှု ထက်မနည်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီအထဲမှာ တစ်ဦး အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။…
မော်လမြိုင်၊ နိုဝင်ဘာ (၄) AAPP ရဲ့ နိုဝင်ဘာလ (၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၁)ရက်အတွင်း ပြည်သူ (၂၄၁၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၄၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…