October 25, 2022

တော်လှန်သွေးအပြည့်နဲ့ အဖေ့ခြေရာနင်းခဲ့သူ

လွန်ခဲ့တဲ့ ရက်သတ္တပတ်က လူမှုကွန်ရက်တွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ လူငယ်တစ်ဦးရဲ့ သတင်းပိုစ့်အောက်မှာ “သားက ၂၀၂၁၊ အဖေက ၈၈ အာာဏာရှင်ကို တော်လှန်ရင်း အသက်တွေ ပေးသွားလိုက်ကြတာ” ဆိုတဲ့ မှတ်ချက်တွေ မြင်တွေ့ကြမှာပါ။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရသူ ဒီလူငယ်ဟာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ရဲ့ တာဝန်ခံ ကိုအဂ္ဂ (ခ)…

အိန္ဒိယ သွေးနှော မစ္စတာ ရီရှီဆူနက် ယူကေ ဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားနေ

လန်ဒန်၊ အောက်တိုဘာ (၂၅) ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ နိုင်ငံရေးလောကထဲ တကျော့ပြန်လာမှုကို စွန့်လွှတ်ဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက်မှာပဲ ဗြိတိန် ကွန်ဆာဗေးတစ်(ပါတီဝင်) ရီရှိ ဆူနက် Rishi Sunak ဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ အတွက် ရေပန်းစားနေပါတယ်။ သူသာ ဝန်ကြီးချုပ်ဖြစ်လာပါက နိုင်ငံရဲ့ ပထမဆုံး အိန္ဒိယသွေးနှော ခေါင်းဆောင် ဖြစ်လာဖို့ရှိနေတာပါ။ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဟာ အောက်တိုဘာ…

တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေရှိနေတဲ့ ထိုင်ဝမ်ကစွမ်းအင်သိုလှောင်မှုတွေ မြှင့်တင်မယ်လို့ဆို

တိုင်ပေ၊ အောက်တိုဘာ (၂၅) ထိုင်ဝမ်ဟာ တရုတ်ရဲ့ စစ်ရေးဖိအားအကျပ်အတည်းတွေကြားထဲက စွမ်းအင်သိုလှောင်မှု တိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်အပြီး သြဂုတ်လမှာ တရုတ် နိုင်ငံဟာ ထိုင်ဝမ်ကိုခြိမ်းခြောက်မှုတွေလုပ်ဆောင်နေတဲ့အတွက် စိုးရိမ်မှုတွေမြင့်တက်နေတာပါ။ ထိုင်ဝမ်လက်ထောက် စီးပွားရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဆန်ဝမ်ရှန်းက အစိုးရအနေနဲ့ သဘာဝ ဓာတ်ငွေ့နဲ့ကျောက်မီးသွေး သိုလှောင်မှုတွေကို အရှိန်မြှင့်ဖို့လုပ်ဆောင်နေပြီး အဲဒီအခြေအနေဟာ ထိုင်ဝမ်သမ္မတရဲ့ အရေးပေါ်အခြေအနေ…

ခါဆင်မြို့က လူတွေ အသက်မသေချင်ရင် ထွက်သွားကြဖို့ ရုရှား ပြော

ခါဆင် – အောက်တိုဘာ(၂၅) ယူကရိန်း တန်ပြန်ထိုးစစ်က လွတ်မြောက်ဖို့ ထွက်ခွာလာတဲ့ ဒေသခံတွေကို ရုရှားသိမ်းပိုက်ထား တဲ့ ယူကရိန်းနိုင်ငံပိုင် ခါဆင်မြို့ကနေသူတို့ရဲ့အသက်အန္တရာယ်အတွက် ထွက်ခွာသွားကြဖို့ ရုရှား ကပြောခဲ့ပါတယ်။ Dnipro မြစ်အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ လူပေါင်း(၆) သောင်းကို တောင်ပိုင်းဒေက ရုရှားရဲ့ ကိုယ်စားလှယ်တွေက ကယ်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်လို့လည်း သိရပါတယ်။ “ယနေ့အခြေအနေက ခက်ခဲပါတယ်၊ ကိုယ့်ရဲ့အသက်ကို ကယ်တင်ဖို့က…

စစ်ခေါင်းဆောင်ထံ ဗိုလ်ချုပ်ဂွမ်မော် သတင်းစကားပေး

လိုင်ဇာ၊ အောက်တိုဘာ (၂၅) လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ အနန့်ပါ(A Nang Pa)ဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခေတ္တနား ကြတဲ့ ဈေးဆိုင်တန်း စခန်းငယ်သာဖြစ်တယ်လို့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက် ပါတယ်။ ဖားကန့်ဒေသအတွင်းရှိ အနန့်ပါ(A Nang Pa)ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဘက်က KIA တပ်မဟာ…

လျှို့ဝှက်ညွှန်ကြားချက်တွေ ပေါက်ကြားတာကြောင့် မွန်ပြည်နယ်က ဌာနဆိုင်ရာအကြီးအကဲတွေ စစ်ဆေးခံနေရ

မော်လမြိုင်၊ အောက်တိုဘာ (၂၅) မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အတွင်းသတင်းတွေနဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်သတင်းတွေ ပေါက်ကြားနေတာကြောင့် စစ်ကောင်စီ အထူးစုံစမ်းရေးကော်မတီက ဌာနဆိုင်ရာအကြီးအကဲတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်း သိရှိရပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ စစ်ဘက်၊ အရပ်ဘက် လျှို့ဝှက်သတင်းတွေ၊ ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အုပ်ချုပ်ရေးအပိုင်းမှ ဌာနဆိုင်ရာအသီးသီးကို ညွှန်ကြားထားတာပါ။ အဲဒီညွှန်ကြားချက်ထဲက အချက်အလက်အားလုံးနီးပါးဟာ သတင်းမီဒီယာတွေနဲ့၊…

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂကို ဦးကျော်မိုးထွန်း တင်ပြ

မော်လမြိုင် – အောက်တိုဘာ(၂၅) ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစု လိုက်အပြုံလိုက်သေဆုံးခဲ့တာဟာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂကို သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။ အောက်တိုဘာလ(၂၄) ရက်နေ့က (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မ တီရဲ့ ဘာသာရပ်ဆိုင်မှာ ဆွေးနွေးမှုအစီအစဉ်မှာ အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတကာလုံခြုံရေး ခေါင်းစဉ်နဲ့ မိန့်ခွန်းပြောချိန်မှာထည့်သွင်းပြောဆိုခဲ့တာပါ။…

အာဏာရှင်စစ်ကောင်စီကို တော်လှန်ရေး အရှိန်မြှင့်တင်သွားမယ်လို့ KIO ထုတ်ပြန်

လိုင်ဇာ – အောက်တိုဘာ(၂၅) ရည်ရွယ်ချက်ရှိရှိအရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အာဏာရှင်စစ်ကောင် စီကို တော်လှန်ရေးအရှိန်မြှင့်တင်တိုက်ခိုက်သွားမယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က သတင်း ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၃) ရက်နေ့ ည(၈)နာရီခွဲက (၆၂) နှစ်ပြည့် KIO နှစ်ပတ်လည်နေ့ ကြိုဆို တဲ့အစီအစဉ်တွေကျင်းပနေချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်လေယာဉ်(၃) စီးက ဗုံးကြဲတိုက် ခိုက်ခဲ့ကြတဲ့အတွက် ထိခိုက်သေဆုံးသူ…

အက်စတွန်ဗီလာအသင်း နည်းပြအဖြစ် အူနိုင်းအမ်မရီ ခန့်အပ်ခံရ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ပရီးမီးယားလိဂ်ကလပ်အသင်း အက်စတွန်ဗီလာအသင်းဟာ ဗီလာရီးရဲလ်နည်းပြဖြစ်သူ အူနိုင်းအမ်မရီကို နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ နည်းပြဖြစ်သူ စတီဗင်ဂျရတ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အူနိုင်းအမ်မရီကို နည်းပြအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ် နည်းပြအူနိုင်းအမ်မရီအတွက် အက်စတွန်ဗီလာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို စာချုပ်လျော်ကြေး ပေါင် ၅ သန်း ကျော်ပေးချေရမှာ ဖြစ်ပါတယ်။…