ဘန်ကောက်၊ အောက်တိုဘာ (၁၁) 

အကြီးစားပစ်ခတ်မှု ဖြစ်ပွားထားတဲ့ နောက်ဘူလမ်ဖူ ကလေးဖွံ့ဖြိုးရေး စင်တာထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ CNN မီဒီယာအဖွဲ့သားနှစ်ဦးဟာ အူဒုန်သနီ မှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

နေ့ကလေးထိန်းကျောင်းအတွင်း ဝင်ရောက် သတင်းရယူတင်ဆက်ခဲ့တဲ့ သြစတြေးလျနိုင်ငံသား သတင်းထောက် အန်နာကိုရန် (၄၇)နှစ်နဲ့  အသက် ၃၄နှစ်အရွယ် ဗြိတိန်ကင်မရာမန်း ဒယ်နီရယ်ဟော့ချ်တို့ကို နာကလန် ရဲစခန်းက ဖမ်းဆီးခဲ့တာပါ။

အူထိုင်ဆဝန် ခရိုင် အုပ်ချုပ်ရေးမှူး က သူတို့ရဲ့  လုပ်ရပ်နဲ့ ပတ်သက်ပြီး  ရဲစခန်းမှာ တိုင်တန်းခဲ့ပြီးတဲ့ နောက်မှာတော့ အခုလို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးကတော့  CNN ရုပ်သံလိုင်းက  ထုတ်လွှင့်ချက်တွေဟာ ဒေသခံတွေ၊ အထူးသဖြင့် သေဆုံးသူတွေရဲ့ ဆွေမျိုးတွေအပေါ် ဆိုးရွားတဲ့ စိတ်ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

CNN အဖွဲ့သားတွေဟာ ကျောင်းဝန်းအတွင်းထဲက ရုပ်ပုံတွေကို ထုတ်လွှင့်ခဲ့ပြီး စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်နေတာ ဖြစ် တယ်ဆိုပြီး  ထိုင်းမီဒီယာတွေကလည်း ဒေါသထွက်ကာ စွပ်စွဲခဲ့ကြတာပါ။

မီဒီယာတွေကို ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားရာနေရာ၊ မှုခင်း မြင်ကွင်းတွေထဲကို ဝင်ရောက်ခွင့်မပြုပဲ တားမြစ်ထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောကြားခဲ့ပြီး CNN သတင်းထောက်တွေကတော့ အခင်းဖြစ်ရာနေရာကို ဝင်ရောက်ဖို့ ထိုင်းအာဏာပိုင်တွေထံက  ခွင့်ပြုချက်ရရှိထားတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီနေရာကို CNN သာမက ထိုင်းမီဒီယာတွေပါ ဝင်ရောက်ခွင့်တစ်ခုမျှ မရရှိခဲ့ကြောင်း ထိုင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ 

ထိုင်းမီဒီယာများက ခွင့်ပြုချက်တစ်စုံတစ်ရာမရှိကြောင်း ဟု ထိုင်းအာဏာပိုင်များမှ ငြင်းဆိုထားသည်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုကတော့  ကိုရန်နဲ့ ဟော့ချ်တို့ရဲ့ ခရီးသွားဗီဇာများကို ရုပ်သိမ်းခဲ့ပြီး ဗီဇာမရှိရင် သတင်းတင် ဆက်ခွင့်  မရှိဘူးလို့ ရှင်းပြထားပါတယ်။

မှုခင်းဖြစ်ပွားရာနေရာကို ကျုကျော်ဝင်ရောက်ခဲ့တဲ့  သက်သေအထောက်အထားတွေအရ စုံစမ်းစစ်ဆေးသူတွေရဲ့ လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အခြားစွဲချက်တွေနဲ့လည်း  ရင်ဆိုင်နေရတာပါ။

သတင်းထောက်နှစ်ဦးဟာ ကြာသပတေးနေ့မှာ သုဝဏ္ဏဘူမိလေဆိပ်ကို  ရောက်ရှိခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်အထိ နေထိုင်ခွင့်ရရှိတာလည်း ဖြစ်ပါတယ်။ ကျောင်းဝင်းအတွင်း ရိုက်ကူးမှုအတွက် တောင်းပန်ခဲ့တဲ့ CNN အဖွဲ့သားတွေရဲ့ ဗီဒီယိုဖိုင်ကို ထိုင်းရဲတွေက  အောက်တိုဘာ (၉) ရက်နေ့က ဖြန့်ဝေခဲ့ပါတယ်။

Ref:Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.