ပေကျင်း – စက်တင်ဘာ(၂၉) 

တရုတ်ခေါင်းဆောင်ဟာ အာဏာသိမ်းခံလိုက်ရပြီဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်စေခဲ့တဲ့ ရက်အတော်ကြ လူထုမြင်ကွင်းက ပျောက်ကွယ်ပြီးနောက်မှာတော့ စက်တင်ဘာလ(၂၇) ရက်နေ့ ကနိုင်ငံပိုင်ရုပ်သံလိုင်းမှာ လူလုံးထွက်ပြခဲ့ပါတယ်။ 

တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ အာဏာရကွန်မြူနစ်ပါတီနဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အကြီးအကဲဖြစ်တဲ့ ခေါင်းဆောင်ရှီဟာ ဘေဂျင်းက ပြပွဲခန်းမတစ်ခုကို သွားရောက် ကြည့်ရှု့ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင် နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အတွက် မှတ်ချက် ပေးခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဥဇဘတ်ကစ္စတန်မှာ ကျင်းပတဲ့ ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးက ပြန်ရောက်လာပြီး နောက်ပိုင်း သမ္မတရှီဟာရုပ်မြင်သံကြားမှာ ပထမဆုံးအကြိမ်အဖြစ်ထွက်ပေါ် လာတာပါ။ 

တရုတ်နိုင်ငံဟာ အာဏာရှင်စနစ် သဘောသဘာဝအတိုင်း နိုင်ငံရေးအရ အငြင်းပွားမှုနဲ့ အာဏာ သိမ်းဖို့ ကြိုးပမ်းမှုတွေရှိတယ်ဆိုတဲ့ ကောလဟာလတွေ မကြာခဏထွက်ပေါ်နေတာဖြစ်ပါတယ်။ 

ခေါင်းဆောင်ရှီဟာ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်င့ရဲ့ ဩဇာအကြီးမားဆုံးခေါင်းဆောင် အဖြစ် သတ်မှတ်ခံထားရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပြီး တစ်သက်လုံး အုပ်ချုပ်ခွင့်ရရှိဖို့ မျှော်လင့်နေသူဖြစ်ပါတယ်။ 

တရုတ်နိုင်ငံမှာ ငါးနှစ်တစ်ကြိိမ်ကျင်းပတဲ့ အဓိကပါတီကွန်ဂရက်မကျင်းပခင် ရက်သတ္တပတ် အနည်းငယ်အလိုမှာ သမ္မတရှီလူထူမြင်ကွင်းက ပျောက်ကွယ်နေတာကြောင့် ကောလဟာတွေ ပိုမိုထွက်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေဟာ နွေရာသီမှာ ကမ်းခြေအပန်းဖြေစခန်းမှာ ကျင်းပလေ့ ရှိတဲ့ အလွတ်သဘောနိုင်ငံရေးအစည်းအဝေးတွေကြောင့် ရက်ပေါင်းများစွာ ပျောက်ကွယ်လေ့ ရှိတယ်လို့ လည်း ဆိုကြပါတယ်။ 

လာမယ့် အောက်တိုဘာလ(၁၆) ရက်နေ့ကစပြီး သမ္မတရှီဟာ ပါတီခေါင်းဆောင်အဖြစ် တတိယ ငါးနှစ်သက်တမ်းကိုလက်ခံဖို့ မျှော်လင့်ထားပြီးမကြာသေးခင်ကခေါင်းဆောင်တွေကိုသက်တမ်း နှစ်ကြိမ်သာထမ်းဆောင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံရေးကျွမ်းကျင်သူ ကယ်ရီဘရောင်းက ရှီရဲ့ လူမြင်ကွင်းက ပျောက်ကွယ်မှုမှာ နောက်ထပ်အကြောင်းတစ်စုံတစ်ခုရှိနိုင်သေးတယ်လို့ မှတ်ချက်ပြုပါတယ်။ 

“အထက်တန်းလွှာတွင်းမှာ ရှီရဲ့ခေါင်းဆောင်မှုကို ပြင်းပြင်းထန်ထန် မကျေနပ်မှုရှိခဲ့ရင် အနည်း ဆုံးတော့ အထောက်အထား အနည်းငယ်တွေ့ရမယ်ထင်ပါတယ်၊ အဲဒါနဲ့ပတ်သက်ပြီး သက်သေ တွေအများကြီး ရမယ်လို့ ကျနော်မထင်ဘူး” လို့ တရုတ်လေ့လာရေးပါမောက္ခနဲ့  ဒါရိုက်တာ ဘရောင်းက မှတ်ချက်ပြုပါတယ်။ 

ဒါ့အပြင် ပါတီတွင်းမှာ စွန့်စားဖို့ ခဲယင်းနေပြီးဒီလိုအစွန်းရောက်တဲ့ လုပ်ရပ်ကိုဖယ်ရှားဖို့ ကြိုး ပမ်းနေသူတွေဟာ ရှီရဲ့ လူတွေအားလုံးနီးပါးနဲ့ တည်ဆောက်ထားတဲ့ အုပ်ချုပ်မှုယန္တရားကို ဖယ်ရှားဖို့ အလွန််ခက်ခဲတဲ့ အချိန်ဖြစ်တယ်လို့ လည်း သူက ပြောပါသေးတယ်။ 

အာဏာသိမ်းမှုဖြစ်ခဲ့တယ်ဆိုတဲ့ ကေလဟာလတွေဟာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ နိုင်ငံရေးအရ အရေးကြီးတဲ့ နေ့ရက်တွေမတိုင်ခင် ထွက်ပေါ်လာတာ အထူးအဆန်းမဟုတ်ပေမယ့် ပါတီရဲ့ စစ်ရေးယိမ်းနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုနဲ့ စည်းကမ်းတင်းကြပ်ထားတယ်လို့ သိရပါတယ်။ 

သမ္မတ ရှီကျင့်ဖျင် ဟာ လူမြင်ကွင်းက ပျောက်ကွယ်နေတာဟာ တရုတ်နိုင်ငံရဲ့ ကိုဗစ် စည်းမျဉ်း တွေကြောင့် ပြန်လာပြီး တစ်ပတ်ကြာ သီးသန့်နေထိုင်ရတာကြောင့်ဖြစ်တယ်လို့လည်း ပြောဆို တာတွေရှိနေပါတယ်။ 

အာသစ် (28/9/2022)

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.