ရီးယာ့ဒ်၊ စက်တင်ဘာ (၂၉) 

ဆော်ဒီအာရေဗျ ဘုရင် ဆာလ်မန်ဘင် အဘ်ဒူလာဇီဟာ  သားတော် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်ကို နိုင်ငံ တော်ရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဒုတိယသားတော် မင်းသားခါးလ်လစ်ကိုတော့ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ ပါတယ်။

ဒါ့အပြင် နောက်ထပ် သားတော်ဖြစ်တဲ့ မင်းသား အဘ်ဒူလာဇီ ဘင်ဆာလ်မန်ကိုတော့ စွမ်းအင်ဝန်ကြီး ရာထူးကို လွှဲပြောင်း ပေးခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး တို့ကတော့ သူတို့ရဲ့ရာထူးနေရာတွေမှာဘဲ ဆက်လက် တည်ရှိဖို့အတွက်  အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ SPA က ဖော်ပြခဲ့တာပါ။

MbS လို့ လူသိများတဲ့  အိမ်ရှေ့မင်းသားဟာ ကာကွယ်ရေးဝန်ကြီးရာထူးမှ ရာထူးတိုးခံရပြီး ကမ္ဘာ့အကြီးဆုံးရေနံ တင်ပို့ရောင်းချ သူနဲ့ အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားရဲ့  တရားဝင်အုပ်ချုပ်သူ လည်းဖြစ်ပါ တယ်။

သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးအသစ်အတွက် ဘုရင်ရဲ့ယခင်ကိုယ်စားလှယ်အဖွဲ့တာဝန်တွေနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံခြားခရီး စဉ်တွေနဲ့  နိုင်ငံတော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ထိပ်သီးအစည်းအဝေးပွဲတွေမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ဆော်ဒီအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

“ဘုရင့်အမိန့်တော်အတိုင်း အိမ်ရှေ့မင်းသားက နိုင်ငံတော်ရဲ့ အဓိကအုပ်ချုပ်ရေးအဖွဲ့တွေကို နေ့စဉ်ပုံမှန် ကြီးကြပ်နေပြီး သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးအသစ်အတွက် အသင့်ရှိနေခဲ့တယ်” လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

သမိုင်းကြောင်းအရ အဲဒီလို တာဝန်လွှဲပြောင်း ခန့်အပ်မှုတွေကို နိုင်ငံတော်မှာ အကြိမ်များစွာ ပြုလုပ်ခဲ့ကြောင်း သူက ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ရဲ့  စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေကို ဖူလုံမှု (၂ %) မှ (၁၅ %) သို့ တိုးမြှင့်ထားပြီး အသစ်ခန့်အပ်ထားတဲ့  ကာကွယ် ရေး ဝန်ကြီးလက်အောက်မှာတော့ (၅၀%) သို့ရောက်ရှိရန် စီစဉ်နေပါတယ်လို့လည်း  အိမ်ရှေ့မင်းသားက ပြောပါတယ်။ 

ဘုရင်ကတော့ သူတက်ရောက်နေတဲ့ အစိုးရအဖွဲ့အစည်းအဝေးတွေကို ဥက္ကဋ္ဌအဖြစ်ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး အမိန့်ထုတ်ပြန်ပေးပြီးတဲ့နောက်မှာလည်း နိုင်ငံပိုင်ရုပ်သံမှာ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်နေပုံကိုလည်း ဖော်ပြခဲ့ပါတယ်။ 

အစ္စလမ်ဘာသာရဲ့ အမြင့်မြတ်ဆုံးနေရာတွေကို ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တဲ့ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ဟာ အိမ်ရှေ့မင်းသားအဖြစ် ၂ နှစ်ခွဲကျော်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ဘုရင်အဖြစ် စတင်အုပ်ချုပ်လာခဲ့တာပါ။ 

လွန်ခဲ့တဲ့  နှစ်နှစ်အတွင်းမှာတော့ ဝေဒနာအမျိုးမျိုးကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။  

အိမ်ရှေ့မင်းသား မိုဟာမက်ကတော့ ၂၀၁၇ ခုနှစ်မှာ အာဏာရလာကတည်းက နိုင်ငံကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပြီး အမျိုးသမီးတွေကို မော်တော်ယာဉ်မောင်းခွင့်ပြုခြင်း၊ ဘုန်းတော်ကြီးတွေရဲ့ အာဏာကို ထိန်းချုပ်ခဲ့ခြင်းနဲ့ ရေနံအပေါ်မှီခိုနေတဲ့ နိုင်ငံ့စီးပွားရေးကို ကွဲပြားမှုရှိစေရန် ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့တာပါ။

ဒါပေမယ့်လည်း သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တက်ကြွလှုပ်ရှားသူများ၊ တော်ဝင်အဖွဲ့ဝင်များ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေနဲ့ စီးပွားရေးသမားများကို ဖမ်းဆီးထောင်ချခြင်းနဲ့အတူ သဘောထားကွဲလွဲမှုတွေကိုလည်း ဖြိုခွင်းနှိမ်နှင်း ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အစ္စတန်ဘူလ်ရှိ ကောင်စစ်ဝန်ရုံးမှာ သတင်းထောက် ဂျမယ်အသတ်ခံရမှုကြောင့် သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပြီး အမေရိကန်နဲ့ အခြား အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးကို တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.