တိုကျို၊ စက်တင်ဘာ (၂၈)
အမေရိကန် ဒုတိယ သမ္မတ ကင်မလာ ဟားရစ်ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြားမှာရှိတဲ့ စစ်မဲ့ ဇုန် (Demilitarised Zone – DMZ) ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီခရီးစဉ်ကို တိုကျိုမြို့မှာ စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပခဲ့တဲ့ ဟားရစ်နဲ့ တောင်ကိုရီးယားသမ္မတတို့ အစည်းအဝေးပြီး ချိန်မှာ ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပြီး အမေရိကန်အာဏာပိုင်တွေကလည်း နောက်ပိုင်းမှာ အတည်ပြုခဲ့ကြပါတယ်။
အမေရိကန်ဒုသမ္မတဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နာရေးအခမ်းအနားကို အမေရိကန်သမ္မတ ကိုယ်စား တက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန် အရာရှိကတော့ “ကိုရီးယားစစ်ရေး ပဋိပက္ခဖြစ်ပေါ်ပြီး နှစ်ပေါင်း ၇၀ နီးပါးအကြာမှာ ပေါ်ထွက်လာခဲ့တဲ့ ဒီခရီးစဉ်ဟာ မြောက်ကိုရီးယားက ဆောင်ကျဉ်းလာနေတဲ့ ဘယ်လို ခြိမ်းခြောက်မှုတွေကိုမဆို ရင်ဆိုင်မယ်ဆိုတဲ့ ဆိုးလ်နဲ့ ဝါရှင်တန်အကြား မဟာမိတ်သဘောရဲ့ တောင့်တင်း ခိုင်မာမှုကို ထင်ဟင်စေမှာပါ” လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ကင်မလာဟားရစ်ရဲ့ စစ်မဲ့ဇုံကို သွားရောက်မယ့် ခရီးစဉ်အတွင်းမှာ တောင်ကိုရီး ယားလုံခြုံရေးအတွက် အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကတိပြုထားတဲ့ “Ironclad” မှ အမေရိကန်ကွပ်ကဲရေးမှူးတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်း ကို လည်း လက်ခံနားထောင်သွားမှာ ဖြစ်ပါတယ်။
Ref,CNA