ပေကျင်း၊ စက်တင်ဘာ(၂၇)
တရုတ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားတယ်လို့ အိန္ဒိယနိုင်ငံရှိ မီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် တရုတ်ဖက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဘေးဂျင်းလေဆိပ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းလိုင်း ၆၀၀၀ ကျော်ကို ခရီးစဉ်ပယ်ဖျက်ထားလိုက်ပြီး နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့လိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဟာ နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရတာ ဖြစ်နိုင်တယ်လို့ TFI Global နဲ့ Times of India စတဲ့ သတင်းမီဒီယာနှစ်ခုလုံးမှာ မှန်းဆရေးသား ဖော်ပြ ထားခဲ့တာပါ။
သမ္မတရှီဟာ ကိုဗစ်အပြီးမှာ ပထမဦးဆုံးအကြိမ်နိုင်ငံပြင်ပကို ထွက်ခွာခဲ့တဲ့ ခရီးစဉ်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်း Shanghai Cooperation Organizaiton (SCO) အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒီထိပ်သီးအစည်းအဝေး မှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ဗာလာဒီမာ ပူတင် တို့နဲ့ တွေ့ဆုံခဲ့တာပါ။
TFI Global သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သမ္မတရှီဟာ ထိပ်သီးဆွေးနွေးပွဲ အတွင်း တက်ကြွစွာ ပါဝင်ခဲ့ခြင်းမရှိသလို ကိုဗစ် ၁၉ ကို အကြာင်းပြပြီး ပူတင်နဲ့ ညစာစားပွဲ အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ SCO ထိပ်သီးတွေ့ဆုံပွဲ မပြီးစီးခင်းမှာပဲ ဘေဂျင်းသို့ ပြန်လည်ထွက် သွားခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပြန်သွားခဲ့တာဟာ သမ္မတရှီအနေနဲ့ နိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ကြောင်း သိရှိခဲ့လို့ ဖြစ်နိုင်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ဘေးဂျင်းလေဆိပ်မှတဆင့် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရနိုင်တာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီအခြေအနေအတွက် တရုတ် ကွန်မြူနစ်ပါတီနဲ့ အခြားသောနိုင်ငံပိုင်မီဒီယာတွေက တိတိကျကျ ဖော်ပြထားတာ မရှိခဲ့ပါဘူး။
ဒါပေမယ့်လည်း ဖြစ်နိုင်ချေတစ်ခုမှာတော့ SCO အစည်းအဝေးပွဲက ပြန်ရောက်ပြီး ကွာရန်တင်းဝင်နေရသော ကြောင့် အသက် ၆၉ နှစ်အရွယ် တရုတ်သမ္မတရှီကျင်ဖျင်ဟာ လူမြင်ကွင်းမှ ပျောက်ကွယ်နေတာဖြစ်နိုင်တယ်လို့ ထပ်မံရေးသားထားပါတယ်။
တရုတ်နိုင်ငံအခြေစိုက် BBC သတင်းသမားဟောင်းတစ်ဦးရဲ့ ပြောကြားချက်အရ တရုတ်အနေနဲ့ မည်သည့် လေကြောင်းလိုင်း ကိုမှ ပယ်ဖျက်လိုက်ခြင်းမရှိသလို အများပြည်သူသုံးသွားလာရေး စနစ်တွေလည်း ပုံမှန်အတိုင်း တည်ရှိနေတယ်လို့ သိရပါတယ်။
Business Today သတင်းအေဂျင်စီမှာတော့ တရုတ်ကွန်မြူနစ်ပါတီဝင် အကြီးတန်း ဝန်ကြီးတွေကို လွန်ခဲ့သော ရက်သီတင်းပတ်အတွင်းက ကွပ်ပ်မျက်ခံခဲ့ရတယ်လို့လည်း ဖော်ပြထားပြီး အဲဒီပုဂ္ဂိုလ်တွေဟာ သမ္မတရှီကို ဆန့်ကျင်တဲ့ လူတွေဖြစ်တယ်လို့ စွပ်စွဲခံထားရကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းဖော်ပြချက်တွေလည်း ရှိနေပါတယ်။
Ref,The Thaiger