ဆိုးလ်၊ စက်တင်ဘာ (၂၇)
ငါးလကြာ ဆိုင်းငံ့ထားတဲ့ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှုကို ပြန်လည်စတင်နေပြီလို့ တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒန်ဒေါင်းက ကုန်တင်ရထားတစ်စီးဟာ မြောက်ကိုရီးယားနိုင်ငံ စင်ယူဂျူးမြို့သို့ နယ်စပ်ဖြတ်ကျော်တံတားမှ ဖြတ်သန်းသွား ခဲ့တယ်လို့ အဲဒီသတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ မြောက်ကိုးရီးယားနဲ့ ထိစပ်နယ်စပ်မြို့ ဖြစ်တဲ့ ဒန်းဒေါင်းမှာ ကိုဗစ် -၁၉ ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ညှိနှိုင်းမှုတွေပြုလုပ်ပြီးတဲ့နောက် ဧပြီလ (၂၉) ရက်နေ့ကတည်းက ရထားဖြတ်ကျော်မှုတွေကို ခေတ္တရပ်ဆိုင်းထားခဲ့တာပါ။
မကြာသေးမီကာလအတွင်းကတော့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ ကိုဗစ်ပထမလှိုင်းဖြစ်ပွားမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါကြောင့် (၂၀၂၀) အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးအတွက် ပြဋ္ဌာန်းထားတဲ့ နယ်နိမိတ် ပိတ်ဆို့မှုတွေကို မြောက်ကို ရီးယားက ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက မြောက်ကိုရီးယားရဲ့ ဆိုးရွားလာနေတဲ့ စီးပွားရေး မပြေလည်မှု တွေနဲ့ လူသန်းပေါင်းများစွာကို စားနပ်ရိက္ခာထောက်ပံ့မှုတွေအတွက် ချမှတ်ထားတဲ့နယ်စပ်အစီအမံတွေကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ခေါင်းဆောင် ကင်ဂျုံအန်ဟာ ကိုဗစ်-၁၉ကို အောင်ပွဲရပြီဖြစ်ကြောင်း ကြေငြာခဲ့သလို မြောက်ကိုရီးယားဟာ ကပ် ရောဂါတိုက်ဖျက်ရေး သံမဏိစည်းမျဉ်းတွေကို ဆက်လက်ထိန်းသိမ်းထားရမယ်လို့ ဆိုခဲ့ပေမယ့်လည်း မေလမှာချမှတ်ထားတဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေး အမြင့်ဆုံးအစီအမံတွေကို ရုတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကိုဗစ်-၁၉ ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ဖို့ နည်းလမ်းတွေ ကင်းမဲ့နေတဲ့အတွက် လူဦးရေ ဘယ်လောက်အတိုင်းအတာနဲ့ ကူးစက်ခံခဲ့ရကြောင်း အတည်မပြုနိုင်ခဲ့ဘဲ သူတို့ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အပေါ် ကျွမ်းကျင်သူတွေက သံသယရှိခဲ့ကြပါတယ်။
Ref: CNA