ဂန့်ဂေါ – စက်တင်ဘာ(၂၆)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက (၃) ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူတာတွေလုပ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၄) ရက်နေ့ကစပြီး စစ်ကောင်စီလက်အောက်ခံရဲနဲ့ စစ်တပ်ပူးပေါင်း အဖွဲ့ ဟာ မင်းရွာဒေသခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ဆိုင်ကယ်နဲ့ ဖုန်းတွေကို ဗြောင်ကျကျသယ်ဆောင် တာတွေလုပ်ဆောင်နေတာပါ။

“ဒီနေ့ခိုးယူတဲ့ပစ္စည်းစာရင်းတွေအချက်လက်တွေကိုစုစည်းနေတယ်ဗျ။ တိတိကျကျ မသိရသေး ဘူး။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူပိုင် ဆိုင်ကယ်တစ်စီးနဲ့ ဆိုင်ကယ်တွဲတစ်စီးကို စက်တင်ဘာလ (၂၄)ရက်နေ့က ယူဆောင်သွားသလို စက်တင်ဘာလ(၂၅) ရက်နေ့မှာတော့ ဖုန်းနှစ်လုံး၊ပိုက်ဆံနဲ့ ဆန်ဆီတွေကို ယူဆောင်တာတွေရှိတယ်လို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ ထီးလင်းမြို့နယ်မှာလဲ ပြည်သူ တွေရဲ့ အထည်ဆိုင်နဲ့ ကားဝပ်ရှော့ ရုံတွေက ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာတွေ လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ကို စစ်ကြောင်းထိုးနေတဲ့ အတွက် စစ်ဘေးရှောင်ပြည်သူ (၃)သောင်းဝန်းကျင်ရှိနေရသလို စစ်ဘေးရှောင်နေရတဲ့ ပြည်သူ တွေရဲ့နေအိမ်တွေကို မီးရှို့တာ၊အဖိုးတန်ပစဟ္စည်းတွေကို ယူဆောင်တာတွေလုပ်နေကြတာပါ။

ပြည်သူတွေဟာ လက်ရှိအချိန်မှာတော့ စားနပ်ရိက္ခာတွေနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေအရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.