ဝါရှင်တန် – စက်တင်ဘာ(၂၅) 

နျူကလီးယားလက်နက် အသုံးပြုမယ်လို့ ကြွေးကြော်နေတဲ့ ရုရှားသမ္မတဗလာဒီမာပူတဲ့ဟာ ယူကရီးကျူးကျော်စစ်မှာ နျူလက်နက်အသုံးပြုလာနိုင်တဲ့အတွက် အလေးအနက်ထား စောင့်ကြည့်ရမယ်လို့ အီယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲက ပြောပါတယ်။ 

ဂျိုးဆက်က စစ်ပွဲဟာ အန္တရာယ်ရှိတဲ့ အခိုက်အတန့်ကို ရောက်ရှိသွားပြီလို့ ပြောဆိုခဲ့သလို ရုရှား က ယူကရိန်း နယ်မြေလေးခုကို သိမ်းပိုက်လိုက်ချိန်မှာ သူ့ရဲ့ မှတ်ချက်စကားထွက်ပေါ်လာခဲ့ တာပါ။ 

ရုရှားစစ်တပ်ဟာ လက်ရှိအချိန်မှာတော့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်မြေပြင်မှာ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

“ရုရှားစစ်တပ်ကို ထောင့်တစ်ခုထဲကို တွန်းပို့လိုက်တဲ့အတွက် နျူးကလီးယားလက်နက်တွေသုံး ပြီး ခြိမ်းခြောက်နေတဲ့ ပူတင်ရဲ့ တုံ့ပြန်မှုတွေဟာ အန္တရာယ်ရှိတဲ့အခိုက်အတန့်ဘဲ” လို့ မစ္စတာ ဘိုရယ် က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး တည်းက သမ္မတပူတင်ရဲ့ တပ်ဖွဲ့တွေ နောက်ပြန်ဆုတ်သွားတယ်လို့ လေ့လာသူတွေက ဆိုကြပေမယ့် ယူကရိန်းရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းချက်တစ်ခု ပေးရမယ်လို့ သူက ပြောပါသေးတယ်။ 

လက်ရှိအခြေအနေတိုင်းဆက်သွားရင်တော့ စစ်ပွဲကို ပြီးအောင်လုပ်နိုင်ပေမယ့် ငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်သလို နောက်တစ်ကြိမ်စစ်ထပ်ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါ တယ်။ 

နိုင်ငံ့မိန့်ခွန်းတစ်ခုမှာ သမ္မတပူတင် က “နိုင်ငံမှာဖျက်ဆီးရေး လက်နက်မျိုးစုံ ရှိပြီး ကျွန်ုပ်တို့အတွက် ရနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်၊ ကျွန်တော် မဖြုန်းတီးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ 

ရုရှားနိုင်ငံမှာတော့ သမ္မတပူတင်ရဲ့ မဖြစ်မနေ စစ်မှုထမ်းခိုင်းဖို့ နိုင်ငံသား (၃) သိန်းကို စုဆောင်း နေတဲ့အတွက် နိုင်ငံတွင်းကနေ လူတွေထွက်ပြေးနေသလို ဆန္ဒပြမှုတွေနဲ့လည်း ရင်ဆိုင်နေရပါ တယ်။ 

ယူကရိန်းဟာ ရုရှားတပ်တွေဆီကနေ စတုရန်းကီလိုမီတာ (၈၀၀၀) ကျော်ကို ပြန်လည်သိမ်းယူ ထားနိုင်တယ်လို့  ဆိုထားပြီး လက်ရှိအချိန်မှာ ရုရှားနိုင်ငံကိုဝင်ဖို့ ကိုယ်ပိုင်ပုံစံနဲ့ ဆန္ဒခံယူ ပွဲတွေ ကို သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ကျင်းပတာတွေရှိနေတယ်လို့ သိရပါတယ်။ 

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ငွေကုန်ကြေးကျများတဲ့ စစ်ပွဲက လွတ်မြောက်ဖို့ လမ်းစ ကို ယူကရိန်းအနေနဲ့ ရှင်းရှင်းလင်းလင်းမသိရသေးသလို ရုရှားရဲ့ နျူကလီးယား အပါအဝင် စိုးရိမ် စရာ ခြိမ်းခြောက်မှုအသစ်တွေအတွက် အာရုံစိုက်နေရပါတယ်။ 

မစ္စတာဘိုရယ်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်အများစုက ယူကရိန်းအတွက်တင်မဟုတ် ဘဲ တခြားသော အကျိုးဆက်တွေအတွက် ပဋိပက္ခမှာ ဆက်ရှိနေဖို့ လိုအပ်တယ်လို့ ပြောဆိုနေ ကြပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.