မော်လမြိုင် – စက်တင်ဘာ(၁၉)

အာဏာသိမ်းစစ်ကောင်စီလေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ကလေးသူငယ်တွေနဲ့ ပြည်သူတွေ ကိုတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်းအတွင်းက လေတပ် ပိုင်းလော့ အမည်စာရင်း နဲ့ နေရပ်လိပ်စာတွေကို Operation Spitfire အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်မှာ ဗိုလ်အဆင့်(၅)ဦး၊ဗိုလ်ကြီးအဆင့် (၈) ဦးနဲ့ ဒုဗိုလ်မှူးကြီးအဆင့် (၂) ဦးပါဝင်ပါတယ်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းမှာရှိနေတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့(UG) တွေလက်ထဲအပါ ထည့်ပြီး အပြင်မှာပါလုပ်စေချင်ပါတယ်။ဒါမှဒီကောင်တွေငြိမ်သွားမှာ” လို့ Operation Spitfire အဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ လေတပ် ပိုင်းလော့စာရင်းကို အပိုင်း (၄) ပိုင်းခွဲပြီးထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီလေတပ်ဟာ မြန်မာနိုင်ငံအတွင်းက ကျေးရွာတွေ၊ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေနေ့စဉ်လိုလိုလုပ်ဆောင်နေတာဖြစ်ပါတယ်။

Operation Spitfire အဖွဲ့ဟာ စစ်ကောင်စီလေတပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပုံမှန်ဖော်ပြပေး နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.