အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာတွင် PDF ပဒက် ၁ ကောင်ဖမ်းမိ” ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ ၁၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ စတဲ့ Kyaw swars ၊Fifty two news လူမှုစာမျက်နှာတွေနဲ့ အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ်၊ ကံပုလဲကျေးရွာတွင် PDF ပဒက် ၁ ကောင်ဖမ်းမိ” ဆိုတဲ့ ခေါင်းစဥ်နဲ့ လူငယ်တစ်ဦး ဒူးထောက်ထိုင်ခိုင်းထားတဲ့ ဓာတ်ပုံတွေနှင့် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ လူငယ်ရဲ့မျက်နှာမှာလည်း ထုရိုက်ခံထားရတဲ့ လက္ခဏာသွင်ပြင်တွေနဲ့ ဖူးယောင်နေတဲ့ မျက်နှာကိုတွေ့ရှိရကာ စစ်ကောင်စီထောက်ခံသူတွေက ကလေး PDF တပ်သား တစ်ဦးဆိုပြီး စွပ်စွဲထားကြပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကို အောက်ပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

https://bit.ly/3xAItVO

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ စစ်ကောင်စီ အကောင့်တုတွေ ဝါဒဖြန့်နေတဲ့ သတင်းအမှားတခုသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်တပ်ထောက်ခံသူတွေ စွပ်စွဲရေးသားထားသလို ကလေးပြည်သူ့ ကာကွယ်ရေး တပ်က PDFလူငယ်မဟုတ်ဘဲ ဒေသခံရွာသားတစ်ဦးသာ ဖြစ်ကြောင်း အဆိုပါဒေသအခြေစိုက် ကလေးမြို့ PDF တပ်ဖွဲ့က သံလွင်တိုင်းမ်ကို အတည်ပြု ဖြေဆိုကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံပု‌လဲကျေးရွာက ဒေသခံအမျိုးသားတယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၃ ရက်မှာ PDF လို့ စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ကလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုနေ့သစ်ကလည်း DVBသတင်းဌာနကို ဖြေထားတာ တွေ့ရပါတယ်။

DVB သတင်းဌာနရဲ့ ဖော်ပြချက်

https://bit.ly/3UeMmtc

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ်၊ ကံပုလဲကျေးရွာတွင် PDF ပဒက် ၁ ကောင်ဖမ်းမိ “ဆိုတဲ့ သတင်းဟာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.