ဂျာကာတာ – ဩဂုတ်(၃၁) 

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ဖို့ ဥပဒေကို အင်ဒိုနီးရှားပါလီမန်က ဩဂုတ်လ(၃၀) ရက်နေ့မှာ အတည်ပြုထား ပါတယ်။ 

လျှပ်စစ်ကားနဲ့ ဘက်ထရီစက်ရုံလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ဖို့ တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး က RCEP ဟာ ကုန်သွယ်မှု၊တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှဒကို အားကောင်းစေပြီး နိုင်ငံရဲ့ GDP တိုးတက်မှုနုန်းကို (၀.၀၇) ရာခိုင်နှုန်းအထိ တိုးမြင့်စေမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

“ဒီသဘောတူညီချက်ကို ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ရောက်ဖို့နည်းလမ်းတစ်ခုအနေနဲ့ ရည်ညွှန်းခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နိုင်ငံတကာဈေးကွက်တွေကို ဝင်ရောက်ဖို့ အချိန်တန်ပြီ” လို့ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

RCEP ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ အာရှ-ပစိဖိတ်နိုင်ငံ(၁၅) နိုင်ငံက ခေါင်းဆောင်တွေက စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေးအတွက် အမေရိကန် ဦးဆောင်တဲ့ ဘက်စုံတိုးတက်တဲ့ သဘောတူညီချက်ကို တခြားရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ထားကြပြီး ကမ္ဘာ့လူဦးရေးသုံးပုံတစ်ပုံနီးပါးနဲ့ ပြည်တွင်းထုတ်ကုန်စုစုပေါင်းရဲ့ (၃၀) ရာခိုင်နှုန်းကိုလွှမ်းခြုံထားတာဖြစ်ပါတယ်။ 

တောင်ကိုရီးယားနဲ့ သဘောတူညီချက်အရ ဂျာကာတာနဲ့ ဆိုးလ်တို့ဟာ သူတို့ရဲ့ အခွန်စည်းကြပ်မှု ကို(၉၀) ရာခိုင်နှုန်းကျော် ဖယ်ရှားကြမှာဖြစ်ပါတယ်။ 

အင်ဒိုနီးရှားအနေနဲ့ မော်တော်ကားထုတ်လုပ်မှုကနေ အဝတ်အထည် နယ်ပယ်တွေမှာ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးအခွန်ပေးဆောင်ဖို့ရှိတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားပါသေးတယ်။ 

Hyundai Motor Group နှဲ့ LG Energy Solution တို့လိုတောင်ကိုရီးယား ကုမ္ပဏီတွေဟာ အင်ဒိုနီးရှားရဲ့ နီကယ်တွင်းထွက်တွေကို အသုံးပြုဖို့ ကြိုးပမ်းနေတဲ့အတွက် နိုင်ငံတွင်း လျှပ်စစ်ကားနဲ့ ဘက်ထရီလုပ်ငန်းတွေမှာ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ တွေထဲပါဝင်လာတာ ဖြစ်ပါတယ်။ 

တောင်အာရှ နိုင်ငံ(၇) နိုင်ငံနဲ့ ဩစတြေးလျ၊တရုတ်၊ဂျပန်နဲ့ နယူးဇီလန်တို့က ပြီးခဲ့တဲ့ နှစ်က သဘောတူညီခဲ့ပြီးနောက်အမေရိကန်မပါဝင်တဲ့ သဘောတူညီချက်ဟာ ဒီနှစ်အစပိုင်းမှာ စတင် အသက်ဝင်ခဲ့တာဖြစ်ပါတယ်။

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.