မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေတဲ့ ” မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရ ”ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ ၂၂ရက်နေ့မှ သြဂုတ်၂၅ရက်နေ့အထိ နေ့လည်ပိုင်းအထိ KPTV News အမည်ရသည့် Facebook Page က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

KPTV facebook pageကထုတ်လွှင့်တဲ့အသံဖိုင်ထဲမှာ “ ကာကွယ်ရေးဝန်ကြီးနှင့်ပတ်သတ်ပြီး ဦးရည်မွန်သည် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ရာပြည့်၊လှမောင်‌ရွှေတို့နှင့်တွေ့ဆုံဆွေးနွေးနေတဲ့ဆိုတဲ့ပြောဆိုချက်တွေအပါအဝင် မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက် ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံခဲ့ရသည် ဆိုတဲ့အကြောင်းအရာတွေအား အသံဖိုင်ထဲတွင်ထုတ်လွှင့်ထားတာကို တွေ့ရပါတယ်။

သတင်းမှားထုတ်လွှင့်ဖြန့်ဝေနေတဲ့KPTV facebook pageကို အောက်ပါမှာ လင့်မှာ ဖော်ပြထားပေးပါတယ်။

https://fb.watch/f6FGYg4uCY/

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ KPTV News အမည်ရသည့် Facebook Page ကအဆိုပါအသံဖိုင်ကို သြဂုတ်လ၂၂ရက်နေ့မှ သြဂုတ်၂၅ရက်နေ့အထိ မနက်ပိုင်းအထိ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး သြဂုတ်၂၅ရက်နေ့လည်ပိုင်းမှာတော့ Post ပြန်ဖြုတ်သွားတာ တွေ့ရပါတယ်။

KPTV News အမည်ရသည့် Facebook Page ကအသံရှင်က ဦးရည်မွန်အပေါ် ပြောဆိုချက်နှစ်ခုလုံးသည် မြေပြင်တွင် လုံးဝမဖြစ်ခဲ့တဲ့ သတင်းအမှားဖြစ်ရုံမက အကြမ်းဖက် စစ်ကောင်စီဘက်သားတွေက ဆိုရှယ်မီဒီယာမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီနေခဲ့သော သတင်းအတုတွေ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်၂၄ရက်နေ့ ညပိုင်းမှာ ပြန်လည်ဖြေရှင်းထားတာကို တွေ့ရပါတယ်။

ဤအသံဖိုင်ကိုထုတ်လွှင့်သော KPTV News အနေဖြင့်လည်းကောင်း၊ အသံရှင်အနေဖြင့်လည်းကောင်း သတင်းအမှား၊ သတင်းအတုတွေကို အခြေခံတဲ့ စွတ်စွဲပြောဆိုထုတ်လွှင့်မှုကို တာဝန်ယူမှုရှိရှိဖြင့် ပြန်လည်ရုတ်သိမ်းဖို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပြည့်အစုံ ဖော်ပြထားတဲ့ လင့်

https://www.facebook.com/112910301041374/posts/365270842471984/

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

RISE သတင်းဌာနရဲ့ ဖော်ပြမှုလင့်

https://www.facebook.com/2741985585815921/posts/6047071871973926/

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့် သတင်းသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.