မနီလာ – ဩဂုတ်(၂၃) 

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတအကူးအပြောင်းကာလအတွင်းမှာ မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်မှု တွေပိုမိုကြီးထွားလာပြီး သမ္မတဟောင်း ဒူတာတေး ဆောင်ရွက်ခဲ့တဲ့အတိုင်း မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ လုပ်ဆောင်နေတဲ့ သမ္မတမားကိုစ့်ဂျုနီယာရဲ့ အစိုးရ အဖွဲ့ကို သတင်းသမားတွေ သတိထားနေရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လမှာ Website နှစ်ဒါဇင်ကျော်ကိုပိတ်ဆို့ခဲ့ပြီး ကွန်မြူနစ် အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ အမှီအခိုကင်းတဲ့ အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ Pinoy Weekly  နဲ့ Bulatlet တို့ရဲ့ ပစ်မှတ်ထားခံထားရတဲ့ မီဒီယာအဖွဲ့အစည်းနှစ်ခုဟာ အမျိုးသား ဆက်သွယ်ရေးကော်မရှင် (NTC) ရဲ့ ပစ်မှတ်ထားသူတွေမှာ ပါဝင်နေတာပါ။ 

Securities and Exchange Commission (SEC) ဟာဖိလစ်ပိုင်နိုင်ငံရဲ့ ရေပန်းအစားဆုံး သတင်းစာမျက်နှာဖြစ်တဲ့ Rappler ရဲ့ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်ကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ 

ဒူတာတေးရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက သတင်း ဝက်ဘ်ဆိုဒ်တွေကို နှိမ်နင်းပြီး ဖိလစ်ပိုင် နိုင်ငံရဲ့ ကွန်မြူနစ်ပါတီကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကောင်စီက ဆုံးဖြတ်ချက်တွေကို ကိုးကားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဖိလစ်ပိုင်အမျိုးသား ဂျာနယ်လစ်များ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အကြီးတန်းအရာရှိတွေက အဲ့ဒီထုတ်ဝေမှုမှာ စွပ်စွဲခံထားရတဲ့ ချိတ်ဆက်မှုတွေ မပါဝင်ဘူး လို့ငြင်းဆိုထားပါတယ်။ 

“ဒါက Bulatlat နဲ့ဘာမှမဆိုင်ပါဘူး” “ကျနော်တို့က အစိုးရနဲ့ပတ်သက်တဲ့ အမှန်တရားကို ပြောနေတာကြောင့် ကျနော်တို့အဖွဲ့အစည်းကို ဆင်ဆာဖြတ်ဖို့ ကြိုးစားနေတာ” လို့ အဲ့ဒီအဖွဲ့ဝင် တွေက Al Jazeera ကို ပြောဆိုခဲ့ကြပါတယ်။ 

ဒီလအတွင်းမှာ  Bulatlat ဟာ အဲ့ဒီငြင်းချက်ကို ဆန့်ကျင်တဲ့ ပဏာမ တားမြစ်မိန့်ကို ရရှိထားပြီး NTC ကတော့ သတင်းဝက်ဘ်ဆိုဒ်ကို ပိတ်သိမ်းဖို့ အမိန့်ချမှတ်ထားပါတယ်။ 

“ဒူတာတေး လက်ထက်မှာ စစ်အစိုးရက မကြိုက်တဲ့သူတွေကို အပြစ်ပေးသလို တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို စနစ်တကျ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီမူဝါဒဟာ အုပ်ချုပ်ရေးအသစ်မှာ ပြောင်းလဲသွားမယ့် အရိပ်အယောင်တွေ မရှိပါဘူး” လို့  ဝါရင့်သတင်း ထောက် Luis V Teodoro နဲ့ Media Freedom and Responsibility (CMFR) အဖွဲ့က ပြောခဲ့ပါ တယ်။ 

သမ္မတဟောင်း ဒူတာတေးအနေနဲ့လည်း ရာထူးသက်တမ်းကုန်ဆုံးခါနီးမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးမားဆုံး ရုပ်သံလွှင့်ဌာနဖြစ်တဲ့ ABS-CBN ကို ပိတ်ပစ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.