လန်ဒန် ၊ သြဂုတ် (၂၀)

ဗြိတိန်သည် ၂၀၂၅ ခုနှစ်မှာ လမ်းများပေါ်တွင် မောင်းသူမဲ့ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နိုင်မယ့်  ဥပဒေသစ် အစီအစဥ်တွေအတွက် ရန်ပုံငွေ ပေါင် သန်း (၁၀၀) ကို အသုံးပြုသွားမယ့်အကြောင်း သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

ပေါင် (၄၂) ဘီလီယံတန်ဖိုးရှိတဲ့ အလိုအလျောက်မောင်းနှင်သည့် ယာဉ်တွေအတွက် ဈေးကွက်အသစ်ကို အခွင့်ကောင်းယူလိုကြောင်း အစိုးရက ပြောကြားခဲ့ပြီး အလုပ်အကိုင်သစ် (၃၈၀၀၀) ဖန်တီးနိုင်ဖို့ ခန့်မှန်းထားကြပါတယ်။ 

“ကျွန်တော်တို့ဟာ ဒီနည်းပညာကို တီထွင်ဖန်တီးရာမှာ ရှေ့တန်းကနေ ဦးဆောင်နေစေချင်ပါတယ်၊ ဒါကြောင့် ဒီနည်းပညာကတိပေးထားတဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိစေဖို့ လုံခြုံရေးအတွက် အရေးကြီးတဲ့ သုတေသနလုပ်ငန်းနှင့် ဥပဒေပြုရေးအတွက် သန်းပေါင်းများစွာကို ရင်းနှီးမြုပ်နှံသွားမှာဖြစ်တယ်” လို့ ပို့ဆောင်ရေး အတွင်းရေးမှူး ဂရန့်ရှပ်က ပြောပါတယ်။

မောင်းသူမဲ့စနစ်တွေပါဝင်တဲ့ မော်တော်ယာဉ်အချို့ကို လာမည့်နှစ်တွေမှာ လမ်းမကျယ်များပေါ်မှာ မောင်းနှင်ဖို့ ခွင့်ပြုနိုင်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးယာဉ်များအပါအဝင် ပိုမိုကျယ်ပြန့်သော ဖြန့်ကျက်မှုဆိုင်ရာ မူဘောင်ကိုလည်း သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါရန်ပုံငွေမှာ လုံခြုံရေးသုတေသနအတွက် ပေါင် (၃၅) သန်းပါဝင်ပြီး ၂၀၂၅ ခုနှစ်တွင် ပြဌာန်းမည့် ဥပဒေသစ်မှာ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.