ဘေဂျင်း ၊ သြဂုတ် (၁၁)

ကျွန်းကို ထိန်းချုပ်နိုင်ရင် ထိုင်ဝမ်ကို တပ်ဖွဲ့ဝင် ဒါမှမဟုတ် အုပ်ချုပ်ရေးဝန်ထမ်းတွေ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ ကတိကို တရုတ်က ရုပ်သိမ်းလိုက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်က အရင်ကကမ်းလှမ်းထားတာထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုနည်းတဲ့ဆုံးဖြတ်ချက်ကို အချက်ပြလိုက်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် စက္ကူဖြူစာတမ်းမှာ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဘေဂျင်းက ၎င်းရဲ့ ပိုင်နက်အဖြစ် သတ်မှတ်တဲ့ ကျွန်းအနီးမှာ မကြုံစဖူး တရုတ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဘေဂျင်းက ချမှတ်ထားတဲ့ “ပြန်လည်ပေါင်းစည်းရေး” ဟူသော ဝေါဟာရကို အောင်မြင်ပြီးနောက် စက္ကူဖြူစာတမ်းနှစ်ခုမှာ တရုတ်က ပြောကြားထားတဲ့  ၁၉၉၃ နှင့် ၂၀၀၀ ပြည့်နှစ်တွေမှာ တပ်ဖွဲ့ဝင် ဒါမှမဟုတ် အုပ်ချုပ်ရေးဝန်ထမ်းတွေက ထိုင်ဝမ်မှာ အခြေစိုက်တော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

တရုတ်ရဲ့ အထူးအုပ်ချူပ်ရေးဒေသဖြစ်လာပြီးနောက် ထိုင်ဝမ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမယ်လို့ အာမခံထားသည့် အဆိုပါအချက်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စက္ကူဖြူစာတမ်းမှာ မပါဝင်တော့တာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ အာဏာရကွန်မြူနစ်ပါတီက ထိုင်ဝမ်အား ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ရဲ့ ဗြိတိသျှကိုလိုနီဟောင်းက တရုတ်အုပ်ချုပ်မှုသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်နည်းတူ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” စံနမူနာဖြင့် ၎င်းရဲ့ အုပ်ချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိနိုင်စေရန် အဆိုပြုခဲ့ပါတယ်။ 

 ထိုင်ဝမ်ရဲ့ လူမှုရေးနှင့် နိုင်ငံရေးစနစ်တွေကို တစ်စိတ်တစ်ပိုင်း ထိန်းသိမ်းထားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးအချို့ကို ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်ဝမ်နိုင်ငံရေးပါတီအားလုံးက “တစ်နိုင်ငံ၊ စနစ်နှစ်ခု” အဆိုပြုချက်ကို ပယ်ချခဲ့ပြီး သဘောထား စစ်တမ်းကောက်ယူမှုများအရ လူထုထောက်ခံမှု မရှိသလောက်ဖြစ်နေခဲ့ပြီး  ထိုင်ဝမ်အစိုးရသည် ကျွန်းနိုင်ငံသားများသာ ၎င်းတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဆိုထားပါတယ်။ 

ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီက အဆိုပါစက္ကူဖြူစာတမ်းသည် “ဆန္ဒရှိရှိ လိမ်ညာတွေးခေါ်မှုများ ပြည့်နှက်နေပြီး အချက်အလက်များကို ဂရုမစိုက်ဘဲ နှင့် ထိုင်ဝမ်ရဲ့ တရားဝင်အမည်ဖြစ်သော တရုတ်သမ္မတနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။ 

“ထိုင်ဝမ်ရဲ့ ပြည်သူ ၂၃ သန်းကသာ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး သက်ဦးဆံပိုင်အစိုးရရဲ့ ရလဒ်ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး” လို့ ဆိုပါဝယ်။

မော်စီတုံးရဲ့ ကွန်မြူနစ်ပါတီက ပြည်တွင်းစစ်အနိုင်ရပြီးနောက် ရှုံးနိမ့်ခဲ့သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် ကျွန်းနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ၁၉၄၉ ခုနှစ်ကတည်းက ထိုင်ဝမ်သည် တရုတ်ကျူးကျော်မှု  ခြိမ်းခြောက်မှုအောက်မှာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.