မနီလာ ၊ သြဂုတ်  (၇) 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား ကာကွယ်ရေး သဘောတူညီချက်အတွက် ကတိကဝတ်ပြုထားကြောင်း စနေနေ့ (သြဂုတ် ၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ ထိုင်ဝမ်သို့ မကြာသေးမီက လာရောက်လည်ပတ်ပြီးနောက် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာချိန်မှာ Mr Blinken က အခုလို အာမခံချက်ပေးခဲ့တာ ဖြစ်ပါတယ်။

“မဟာမိတ်စုဖွဲ့မှုက ခိုင်မာတယ်၊၊ (အဲဒါ) ပိုတောင် အားကောင်းလာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ၄င်းက ဆိုပါတယ်။

ယမန်နေ့က မစ္စတာ ဘလင်ကန်နှင့် တွေ့ဆုံခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာ က လက်ရှိ ပထဝီဝင် နိုင်ငံရေး ပတ်ဝန်းကျင်အတွင်း အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ပြသနေတယ်လို့ ပြောပါတယ်။ 

မစ္စ Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ ဒေသတွင်း မတည်ငြိမ်မှုတွေကို မီးမောင်းထိုးပြခဲ့တယ်လို့ ၄င်းက ဆိုပါတယ်။

ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှု ဆက်တိုက်ပြုလုပ်ပြီးနောက် Mr Blinken နှင့် မစ္စတာ Marcos တို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

 (သြဂုတ် ၄ ရက်) နဲ့ (သြဂုတ် ၅) ရက်နေ့ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်က ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာ ထိုင်ဝမ်တစ်ဝိုက်မှာ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ချထားခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း ထိုင်ဝမ်တစ်ဝိုက်မှာ အန္တရာယ်ဇုန်အများအပြားကို ကြေညာထားပါတယ်။

မစ္စ Pelosi ရဲ့ ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံရဲ့  ရန်လိုမုန်းထားသည့် လှုပ်ရှားမှုများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တင်းမာမှုများ မြင့်တက်လာမည်ကို စိုးရိမ်ပြီး အင်အားစုအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်မှာ ဝါရှင်တန်ကတော့ ဖိလစ်ပိုင်အခြေစိုက် စခန်းအများအပြားမှာ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုဆိုင်ရာ အပြန်အလှန် ကာကွယ်ရေးသဘောတူစာချုပ်နှင့် အမေရိကန်စစ်တပ်အတွက် ခွင့်ပြုချက်ပါရှိသော မနီလာနှင့် ၎င်းရဲ့ လုံခြုံရေးမဟာမိတ်ကို ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်နေပါတယ်။

Ref: The straits time 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.