။စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သတင်းအမှားတွေဖြန့်ဝေနေတဲ့ တပ်လော်ဘီ Han Nyein Oo အကောင့်တုနဲ့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ရေဦးနယ် တင်းတိမ်ရံရွာမှ အိမ်များအား Pdf အကြမ်းဖက်များမှ မီးရှို့ဖျက်ဆီး ” ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ ၄ရက်နေ့နဲ့၅ရက်နေ့မှာ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘွတ်စ်နှင့် တယ်လီဂရမ်ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လော်ဘီ Han Nyein Oo ဖြန့်ဝေထားတဲ့ ပိုစ့်အပြည့်အစုံမှာတော့ ” ရေဦးနယ် တင်းတိမ်ရံရွာမှ အိမ်များအား PDF အကြမ်းဖက်များမှ မီးရှို့ဖျက်ဆီးပြီးရင် စစ်တပ်က ရှို့တယ်ဆိုပီး လွှဲချတဲ့အကွက်တွေပေါ့” ဆိုပြီး ဓာတ်ပုံအချို့နဲ့အတူ ရေးသားဖြန့်ဝေခဲ့တာပါ။သတင်းမှားဖြန့်ဝေနေတဲ့ Han Nyein Oo တယ်လီဂရမ်ချန်နယ် လင့်https://t.me/Uhan96999/5548?singleအဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက သတင်းမှားဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်မှာ ရေဦးနယ် တင်းတိမ်ရံရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့သွားဖြစ်တာကို စီစစ်တွေ့ရှိရပါတယ်။ ရွာကို မီးရှိုးဖျက်ဆီးခဲ့တဲ့အပြင် စစ်ကြောင်းထိုးရာလမ်းရှိ ပြည်သူနှစ်ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသအခြေစိုက် PDFတပ်ဖွဲ့ဖြစ်တဲ့ Freedom Revolution Force (FRF)က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ တင်းတိမ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၉ရက်နေ့မှ ဇူလိုင်၃၁ရက်နေ့အထိ သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ပြည်သူ့အိုးအိမ်ပေါင်း ၃၁၃ အိမ်(ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင်) နှင့် ပြည်သူပိုင်‌ဈေးဆိုင်ခန်းပေါင်း၂၅၀ကျော် ၊ဆန်စက်၄လုံး၊ဆီစက်၂လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး Freedom Revolution Force (FRF)တပ်ဖွဲ့နဲ့ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။https://fb.watch/eJYa42gjaD/https://m.facebook.com/story.php?story_fbid=437165928472865&id=103536671835794https://fb.watch/eJNz8BWteF/https://fb.watch/eJNAWaaB_e/ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ “ရေဦးနယ် တင်းတိမ်ရံရွာမှ အိမ်များအား PTF အကြမ်းဖက်များမှ မီးရှို့ဖျက်ဆီး ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ သတင်းအမှားသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.