ဘရာစေးလေးယား – ဇူလိုင်(၃၁) 

အာဖရိကတိုက်အပြင်ဘက်မှာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါနဲ့ ဆက်နွယ်ပြီး ပထမဆုံးလူသေဆုံးမှုဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး စပိန်က သေဆုံးမှုကို အတည်မပြု နိုင်သေးချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

အသက်(၄၁) နှစ်အရွယ်ဘရာဇီးနိုင်ငံသားအမျိုးသားတစ်ဦးဟာ ကင်ဆာရောဂါနဲ့ ခုခံအားစနစ် အားနည်းနေသူဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားတာပါ။ 

ရောဂါကူးစက်မှုတွေကြောင့် သူ့ရဲ့ အခြေအနေပိုမိုဆိုးရွားလာခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောဆို ထားပြီး လူနာကို အရှေ့တောင်ပိုင်းက ဘီလိုဟော်ရီဇွန်တီမှာ ဆေးရုံတင်ကာ အထူးကြပ်မတ် ကုသဆောင်ကို ခေါ်ဆောင်သွားပြီးနောက် ရောဂါပိုးဝင်သွားခဲ့တဲ့ အတွက် သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လျင်မြန်စွာ ပြန့်နှံ့နေတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး တစ်ပတ်မပြည့်ခင် အမေရိက တိုက်မှာ ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။

စပိန်က မျောက်ကျောက်ရောဂါနဲ့ သေဆုံးခဲ့သူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ထားတာမရှိသေးပါဘူး။ 

အမေရိကန်၊ကနေဒါတို့နဲ့ အတူ ဘရဇီးလ်နိုင်ငံလည်း အမေရိကတိုက်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး ဇူလိုင်လ(၃၀) ရက်နေ့အထိ ကူးစက်ခံရသူ (၅၀၀၀) ကျော်ရှိနေတယ်လို့ Pan American Health Organization (PAHO) က ပြောဆိုထားပါတယ်။ 

ဘရာဇီးလ်နိုင်င့မှာ အတည်ပြုလူနာ (၁၀၆၆) ဦးနဲ့ ရောဂါသံသယရှိသူ(၅၁၃) ဦးကို အစီရင်ခံ ထားပြီး အများစုမှာ ဆော်ပေါ်လိုပြည်နယ်ကဖြစ်ပြီး အဲ့ဒီမှာ (၇၄၄) ဦးရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာကထုတ်ပြန်ထားပါတယ်။ 

နိုင်ငံတွင်း အတည်ပြုလူနာတွေရဲ့ (၉၈) ရာခိုင်နှုန်းကျော်ဟာ ပျမ်းမျှအသက်(၃၃) နှစ် အရွယ် အမျိုးသားတွေနဲ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ အချက်အလက် တွေအရ သိရပါတယ်။

အသက်(၂၅) နှစ်နဲ့ (၄၅) နှစ်ကြားအမျိုးသားတွေနဲ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ ဖြစ်ပွားမှုအားလုံးနီးပါးရှိတယ်လို့လည်း PAHO က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဆိုထားပါတယ်။

WHO ကတော့ လက်ရှိအချိန်ထိ အာဖရိကတိုက်တစ်ခုလုံးမှာ မျောက်ကျောက်ရောဂါ ကြောင့် သေဆုံးသူ(၅) ဦးသာရှိတယ်လို့ အစီရင်ခံထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.