ဇူရစ် ၊ ဇူလိုင် (၃၁)

ထိုင်ဝမ်ကို ကျူးကျော်လာရင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုမှန်သမျှကို ကြားနေနိုင်ငံအနေနဲ့ ချမှတ်ပေးဖို့ ဆွစ်ဇာလန်အေဂျင်စီ အကြီးအကဲက မျှော်လင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

တရုတ်ရဲ့အချုပ်အခြာအာဏာကိုလက်ခံဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖိအားပေးတဲ့အနေဖြင့် ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

 ထိုင်ဝမ်အစိုးရကတော့ ကျွန်းရဲ့  (၂၃) သန်းသော လူဦးရေဟာ ၎င်းတို့ရဲ့ အနာဂတ်ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်ပြီး ငြိမ်းချမ်းရေးကို လိုလားသော်လည်း တိုက်ခိုက်ခံရပါက ခုခံကာကွယ်သွားမယ်လို့ ထိုင်ဝမ်အစိုးရက ကတိပြုထားပါတယ်။ 

ထိုအခြေအနေမှာ တရုတ်နိုင်ငံအပေါ် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆွစ်ဇာလန်က လက်ခံမလားဆိုတဲ့ NZZ သတင်းဌာနရဲ့ မေးခွန်းကို ဆွစ်ဇာလန် စီးပွားရေးဆိုင်ရာ ပြည်နယ်အတွင်းဝန်ရုံး (SECO)ရဲ့ ဒါရိုက်တာက “ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်မယ်လို့ ယုံကြည်ပါတယ်၊ သို့သော်လည်း စီးပွားရေးဆိုင်ရာ ဆက်ဆံရေးက အများကြီး ပိုအရေးကြီးတာကြောင့် တရုတ်ရဲ့ ကိစ္စမှာ ပိတ်ဆို့အရေးယူမှုက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုထက် ပိုပြင်းထန်လိမ့်မယ်၊  ဒါကြောင့် EU နဲ့ အမေရိကန်တို့အပြင် ဆွစ်ဇာလန်မှာ ဆွေးနွေးမှုတွေက ပိုကြီးထွားလာနိုင်ပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

သူမသည် ဖေဖော်ဝါရီလအတွင်း ရုရှားမှ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်ပြီး အီးယူရဲ့ ရုရှားလူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအား ဆွစ်ဇလန်ရဲ့ မှတ်တမ်းကို ကာကွယ်ခဲ့ပါတယ်။ 

မော်စကိုရဲ့ အထက်တန်းလွှာများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်တဲ့ ဆွစ်ဇာလန်မှာ ဖိအားများ မြင့်တက်လာခဲ့ပါတယ်။

 ရုရှားရဲ့ ချမ်းသာကြွယ်ဝမှုအတွက် ပိတ်ဆို့အရေးယူခံထားရသော ရုရှားနိုင်ငံသား ရာပေါင်းများစွာရဲ့ ပိုင်ဆိုင်မှုများကို ပိုမိုလျင်မြန်စွာ ဖော်ထုတ်နိုင်စေဖို့ ဖိအားများလည်း မြင့်တက်လာခဲ့ပါတယ်။ 

ယခုလအထိ ဆွစ်ဇာလန်နိုင်ငံသည် ဆွဇ်ဖရန့်ငွေ (၆.၇) ဘီလီယံ တန်ဖိုးရှိ ရုရှားဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် ပိုင်ဆိုင်မှု ၁၅ ခုကို ရပ်တန့်ထားပြီး သူမက ဤကိန်းဂဏန်းသည် များစွာပြောင်းလဲဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

Ref: CNA 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.