ရန်ကုန်- ဇူလိုင်(၃၁)
တောင်ဒဂုံမြို့နယ်ဆန္ဒပြပွဲအပြန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ကျဆုံးသွားတယ်လို့ Yangon Drone က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့ လူငယ်ဟာ ဇူလိုင်လ(၃၀) ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမှန်တရားကို အမှားတစ်ရာ ဖမ်းထားသည်ဆိုတဲ့ ဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံသားနဲ့ အတူဖမ်းဆီးခံထားရတာပါ။ “ကျဆုံးသွားတာ ၈၀% လောက်သေချာပါတယ်။ ခေါင်းတွေကိုသေနတ်ဒင်တွေနဲ့ရိုက် ခြေတွေ နဲ့ကန် ကြတာ အားလုံးကို။ ကလေးတွေကငယ်လည်းငယ်သေးတယ်။ သွေးတွေပါရေလို အန် အောင်ရိုက် နှက်ကြတာ။ အမျိုးသမီးရဲဘော်လေးဆိုရင် မနက်ကမှသွေးသွားလှူထားလို့အား နည်းနေတာ အခုလို အခြေအနေဆိုတော့ သူလည်းအခြေအနေမကောင်းလောက်ဘူး။” လို့ Yangon Drone မှာ ဖော်ပြ ထားပါတယ်။ အကြမ်းဖက် ဖမ်းဆီး မခံရခင်အထိ သူတို့အားလုံးဟာ ကျန်းမာရေးကောင်း မွန်သူတွေဖြစ် တဲ့အတွက် ထိခိုက်မှု တစုံတရာ ရှိရင် အကြမ်းဖက်ဖမ်းဆီးသွားတဲ့ စစ်ကောင်စီမှာသာ တာဝန်ရှိ တယ်လို့ Yagon Drone က ပြောဆိုထားပါတယ်။ လက်နက်မပါ အကြမ်းမဖက် ပဲ လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို စစ်ကောင်စီက လက်နက်အားကိုး လူအင်အားသာလွန်သုံးပြီး ဖမ်းဆီးသတ်ဖြတ်နေသလို လူငယ်တော်လှန်ရေးသမားတွေကလည်း အသက်ကိုရင်းပြီး ဆန္ဒဖော်ကာ ပြည်သူတွေ သွေးမအေးစေဖို့နဲ့ စစ်ကောင်စီလုံးဝအုပ်ချုပ်ခွင့်မရစေဖို့ ကြိုးပမ်းနေကြပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်လူငယ်သေဆုံးသွားတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ အသေးစိတ်စုံစမ်းနေသလို ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို အတည်ပြုချက်ရဖို့ အကြိမ်ကြိမ်ဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Yangon Drone