မန္တလေး – ဇူလိုင်(၃၁)
ဒီနေ့ဇူလိုင်လ(၃၁) ရက်နေ့ မနက်ပိုင်းက သံဃသမဂ္ဂက ဦးဆောင်ပြီး ဒီပွဲက ပြည်သူ့တော်လှန်ရေး ဖြစ်တာနဲ့အညီ ပြည်သူ့တစ်ရပ်လုံးက တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ စဉ်ဆက်မပျက် ပါဝင်ပေးကြဖို့ လိုအပ်တယ်လို့ အသိပေးခဲ့ပြီး “တော်လှန်ရေးမှာ မြင့်မြတ်စွာ ရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့ရဲ့ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုတာ၊ တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ချီတက် မယ်ဆိုတဲ့ သစ္စာအဓိဋ္ဌာန်ပြုတာ၊ တရားမျှတလွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်းတို့ ဒီကမ္ဘာမြေမှာ တည်ပါဆိုပြီး ဆုတောင်းမေတ္တာပို့တာနဲ့ တရားတဲ့သူသာ နိုင်ကြေးဟေ့” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ယုတ်မာပြလေ ပြည်သူတွေရဲ့ ရပ်တည်ချက်ဟာ ပိုခိုင်မာလေ ဖြစ်ဖို့ လိုတယ်လို့လည်း အသိပေးခဲ့ပါတယ်။
ဓာတ်ပုံ – CJ