ဘန်ကောက် – ဇူလိုင်(၂၇) 

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်နဲ့ အဖျော်ယမကာတွေကို ရောင်းချတဲ့ ကုမ္ပဏီ တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို စျေးကွက်တင်ဖို့နဲ့အရောင်းမြှင့်တင်ဖို့အတွက် Tik Tok အသုံး ပြုသူတွေကို ပစ်မှတ်ထား လာတယ်လို့ BMJ Global Health ဂျာနယ်က သုတေသနပြုလုပ် ထားပါတယ်။ 

ကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို အွန်လိုင်းကနေ စျေးကွက် ချဲ့ထွင်ရောင်းချခံနေရတယ်လို့ သုတေသီတွေက ပြောဆိုထားတာပါ။ 

တစ်ကမ္ဘာလုံးမှာ လစဉ် Tik Tok အသုံးပြုတာဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ (၅၅) သန်းကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ တစ်ဘီလျံအထိမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ 

အမေရိကန်နိုင်ငံမှာ နေ့စဉ် Tik Tok အသုံးပြုသူ သုံးပုံတစ်ပုံကျော်ဟာ အသက်(၁၄) နှစ်အောက် ငယ်ရွယ်သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တောင်းဆိုချက်တွေရှိနေပေမယ့် Tik Tok မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ရောင်းချတာရဲ့ အကျိုးသက်ရောက်မှုတွေကို လက်ရှိ အချိန် ထိလေ့လာမှုမရှိသေးဘူးလို့ သုတေသီတွေက ပြောဆိုထားပါတယ်။ 

သုတေသီတွေက ၂၀၂၁ ခုနှစ်ဇွန်လ(၃၀) ရက်နေ့အထိ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်မျှဝေမှု ပေါ်အခြေခံပြီး ထိပ်တန်းအစားအစာနဲ့ အရက်၊အဖျော်ယမကာအမှတ်တံဆိပ်ကြေငြာထားတဲ့ အကောင့်(၁၆) ခုကို သုတေသီတွေက အကဲဖြတ်ခဲ့ကြပါတယ်။ 

“ကျွန်ုပ်တို့၏လေ့လာမှုအရ Tik Tok သည် ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ အမှတ်တံဆိပ်များကို သွေးထိုးလှုံ့ဆော်ပြီး ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ အရင်းအမြစ်တစ်ခု ဖြစ်ကြောင်း” လို့  သုတေသီတွေက ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ကလေးတွေကြားမှာ Tik Tok ရေပန်းစားလာတဲ့အတွက် ဒီတွေ့ရှိချက်တွေအရ လူမှုကွန်ယက် ပလက်ဖောင်းတွေအပါအဝင် အစားအသောက်စျေးကွက်မှာ အန္တရာယ်ရှိ တဲ့ အကျိုးသက်ရောက်မှုတွေကနေ ကလေးသူငယ်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ မူဝါဒတွေကို ပံ့ပိုး ပေးရမှာဖြစ်တယ်လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။ 

Ref:The National

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.