ဘန်ကောက် ၊ ဇူလိုင် (၁၇)

အမေရိကန် ဖက်ဒရယ်အေးဂျင့်တစ်ဦးကို သတ်ဖြတ်မှုအတွက် FBI ရဲ့ အလိုအရှိဆုံး တရားခံပြေး (၁၀) ဦးစာရင်းတွင်ပါဝင်တဲ့ မူးယစ်ရာဇာတစ်ဦးကို မက္ကဆီကိုက ဖမ်းဆီးရမိခဲ့ကြောင်း ရေတပ်သတင်းရင်းမြစ်တစ်ခုက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

မက္ကစီကို မူးယစ်ရာဇာ ရာဖယ်ကာရို ကွမ်တီရိုကို ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုတို့ဖြင့် အမေရိကန်ပြည်ထောင်စုက စွပ်စွဲခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံကွပ်ကဲမှု (DEA) အထူးအေးဂျင့် အန်ရီကီ ကီကီ ကမ်မာရမ်နာအား အမိန့်ပေးခဲ့ပါတယ်။ 

အဲဒီနှစ်မှာဘဲ သူ့ကိုဖမ်းဆီးခဲ့ကာ မက္ကဆီကိုမှာ တရားရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ပါတယ်။ 

သို့သော် ၂၀၁၃ ခုနှစ်တွင် မက္ကဆီကိုတရားရုံးတစ်ခုမှ မူးယစ်ရာဇာ ကာရို ကွမ်တီရိုကို ၂၈ နှစ်ကြာ အကျဉ်းကျခံပြီးနောက် တရားဝင်နည်းပညာပိုင်းဆိုင်ရာအရ လွှတ်ပေးရန်အမိန့်ပေးခဲ့ပါတယ်။ 

မက္ကဆီကိုတရားရုံးချုပ်က ၎င်းဆုံးဖြတ်ချက်ကို ပယ်ချခဲ့သော်လည်း ကွမ်တီရိုဟာ တိမ်းရှောင် နေခဲ့ပြီးဖြစ်ပါတယ်။ 

ကာရို ကွမ်တီရိုကို ဒေါ်လာ သန်း ၂၀ ဆုကြေးထုတ်ထားပြီး FBI က အန္တရာယ်အရှိဆုံးပုဂ္ဂိုလ်ဟု ဖော်ပြခဲ့ပါတယ်။ 

သူသည် ဂွါဒါလာဂျာရာ မူးယစ်ဂိုဏ်းကို ပူးတွဲတည်ထောင်ခဲ့သူဟု စွပ်စွဲခံထားရပြီး လက်ရှိတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေတဲ့ စီနာလောင်မူးယစ်ဂိုဏ်းရဲ့ လက်ရုံးတစ်ခုဖြစ်ကြောင်း DEA ရဲ့ အဆိုအရ သိရပါတယ်။ 

မူးယစ်ရာဇာ ကာရို ကွမ်တီရိုကို ချီဟွာဟွာပြည်နယ် မြောက်ပိုင်းရှိ ရေတပ်မှ ဖမ်းမိခဲ့ကြောင်း မက္ကဆီကို မီဒီယာက ဖော်ပြခဲ့ပါတယ်။

မက္ကဆီကိုတရားရုံးတစ်ခုက ကာရို ကွမ်တီရိုကိုကိုဖမ်းမိပါက အမေရိကန်သို့လွှဲအပ်နိုင်သည်လို့ ဆုံးဖြတ်ခဲ့ပြီး မက္ကဆီကိုတရားရုံးတွင် တရားစွဲခံထားရတာနဲ့ပတ်သက်ပြီး ၎င်း၏ရှေ့နေများထံမှ အယူခံဝင်မှုကိုလည်း ပယ်ချခဲ့ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.