Muslims take part in a procession after Friday prayer to protest against the blasphemous comments on Prophet Mohammed by the members of the Indian Bharatiya Janata Party, in Dhaka, Bangladesh, June 10, 2022. REUTERS/Mohammad Ponir Hossain

နယူဒေလီ ၊ ဇွန် (၁၂)

တမန်တော် မိုဟာမက်နှင့်ပတ်သက်ပြီး အာဏာရပါတီမှ အရာရှိတစ်ဦးရဲ့ မှတ်ချက်ပေးမှုကြောင့် စတင်ခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူနှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး အခြားလူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးချုပ် မိုဒီ၏ပါတီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက တီဗီစကား စစ်ထိုးပွဲအစီအစဉ်တစ်ခုမှာ ပရောဖက်နှင့် ၎င်း၏အငယ်ဆုံးဇနီးတို့ကြား ဆက်ဆံရေးနှင့် ပတ်သက်ပြီး မှတ်ချက်ပြုခဲ့တဲ့အပေါ် ပြီးခဲ့သော သီတင်းပတ်ကတည်းက မွတ်စလင်လူထုများက ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယနှင့် အိမ်နီးချင်းနိုင်ငံတွေက မွတ်ဆလင်များက ထိုသဘောထားမှတ်ချက်ကို ရှုတ်ချရန် သောကြာနေ့ ဝတ်ပြုပြီးနောက် လမ်းမထွက်ဆန္ဒပြခဲ့ကြပြီး အိန္ဒိယအရှေ့ပိုင်း ရန်ချီမှာတော့ ရဲတပ်ဖွဲ့က လူအုပ်ထဲသို့ ပစ်ခတ် ဖြိုခွင်းမှု ပြုလုပ်ခဲ့ပါတယ်။ 

“ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ပါတယ်” ဟု ရန်ချီမှ ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ 

ဆန္ဒပြလူအုပ်ဟာ ဗလီမှ ဈေးသို့ ချီတက်ခြင်းမပြုရဆိုတဲ့ အမိန့်ကို ဖီဆန်ခဲ့ပြီး ဖြိုခွင်းရာတွင်လည်း ပုလင်းများနှင့် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်ဖြင့် လူစုခွဲရန် ကြိုးပမ်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ 

အာဏာပိုင်များသည် မြို့တွင်းရှိ အင်တာနက်ကွန်ယက်ကို ဖြတ်တောက်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး စနေနေ့အထိ တင်းမာမှုတွေရှိနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးမှ အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ 

“ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ဖို့အတွက် ကျွန်တော်တို့ ဆုတောင်းနေပါတယ်” ဟု သူမက ပြောခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင်လည်း ဆန္ဒပြပွဲတွေ အများအပြား ဖြစ်ပွားခဲ့ပြီး လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဆန္ဒပြပွဲအများစုဟာ အေးဆေးငြိမ်သက်စွာ ပြီးဆုံးသွားပေမယ့် အချို့မြို့တွေမှာတော့ ဆန္ဒပြသူတွေဟာ ရဲတွေကို ကျောက်ခဲများဖြင့် ပစ်ပေါက်ကြပြီး အရာရှိတစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရ အကြီးတန်းအတွင်းရေးမှူး အာဗန်နစ်ရှ် အာဝါသီက ပြောကြားခဲ့ပါတယ်။ 

“ကျောက်ခဲနဲ့ပစ်ပေါက်တဲ့ အကြမ်းဖက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်သလို  အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ နောက်ကွယ်ကလုပ်နေတဲ့ သူတွေလည်း လုံးဝလွတ်မှာ မဟုတ်ဘူး” လို့ အဝါသီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် ကြီးမားသော ဆန္ဒပြပွဲများရှိ လူအုပ်အချို့သည် နူပူရှာမာရဲ့ ရုပ်ပွားတော်များကို မီးရှို့ခဲ့ကြောင်းနှင့် မီးရထားလမ်းကို ပိတ်ဆို့ခဲ့ကာ ရဲစခန်းတွေကို ဝင်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့  BJP ပါတီပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဒေါသတကြီး ထွက်ဆိုခဲ့ပါတယ်။ 

ဆန္ဒပြသူများကို လူစုခွဲပြီးနောက် အာဏာပိုင်များက ကာလကတ္တားမြို့အနီးရှိ ခရိုင်အများအပြားမှာ ဒီသီတင်းပတ်ကုန်အထိ အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ထားခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.