ဝါရှင်တန် – မေ(၂၉) 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တစ်ရပ် အဖြစ် တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်အပေါ်ဖိအားပေးဖို့ ထုတ်ပြန် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ဖို့ ကုလသမဂ္ဂမှာ ဆွေနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

ဗြိတိန်အစိုးရက တင်သွင်းတဲ့ မူကြမ်းကို မြန်မာ့အရေးတစ်ရက်တာ တံခါးပိတ်ဆွေးနွေးမှု မနက်ပိုင်းမှာ တရုတ်ရဲ့ ဝေဖန်တားဆီးမှုတွေကြောင့် တစ်ရက်တာဆွေးနွေးမှု မအောင်မြင်ဖြစ်ခဲ့ ရတာပါ။ 

မူကြမ်းဆွေးနွေးညှိနှိုင်းမှု ပျက်စေဖို့အတွက် တရုတ်နိုင်ငံက အလွန်အကျွံမေးခွန်းထုတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကုလဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ကျော်လွှားဖို့ မလွယ်ကူတဲ့ သဘောတူညီမှု တစ်ခုကို ရရှိဖို့ အနည်းငယ်သာ မတူကွဲပြားမှုရှိခဲ့တယ်လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။ 

ကုလလုံခြုံရေးကောင်စီကို အဆိုပြုထားတဲ့ မူရင်းစာသားမှာ အာဆီယံက လွန်ခဲ့တဲ့ တစ်နှစ် ကျော်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်(၅) ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အကန့်အသတ်နဲ့သာရှိနေတဲ့အတွက် စိုးရိမ်ဖွယ်ရာရှိတယ်လို့ ဖော်ပြထားပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ စာလုံးက ပြင်းထန်မှု သိပ်မရှိပေမယ့် ပိုပြီး အချက်ကျလက်ကျတယ်” လို့ တရုတ် ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့ပြီး  သဘောတူညီချက်တစုံတရာ မထွက်ပေါ်လာနိုင်တဲ့အတွက် လည်း ရှက်ဖွယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အကန့်အသတ်ဖြစ်နေတယ်ဆိုတဲ့ စကားလုံးနေရာမှာ နှေးကွေးသော တိုးတက်မှု ဆိုတဲ့ စကားလုံးပြောင်းလဲအသုံးပြုဖို့အတွက်လည်း သူကပြောခဲ့ပါတယ်။ 

AFP သတင်းဌာနက တွေ့ရှိတဲ့ မူကြမ်းရဲ့ ကျန်ရှိတဲ့ အပိုင်းမှာမြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွား နေတဲ့ အကြမ်းဖက်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေအပေါ် ကုလလုံခြုံရေးကောင်စီရဲ့ စိုးရိမ်ပူပန်မှု အစိတ်အပိုင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

 ဒေသတွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလတည်းက ဆန္ဒထုတ်ဖော် မှုတွေမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ (၁၈၀၀) ကျော်ရှိနေတယ်လို့ သိရပါတယ်။ 

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.