May 14, 2022

လာမည့် ၂၀၂၄ ရွေးကောက်ပွဲမှာ ထရန့် ထက် သဘောထားကွဲလွဲမှုနည်းသော ကိုယ်စားလှယ်လောင်းကို ပိုနှစ်သက်တယ်လို့ အီလွန်မာ့စ် ဆို

ဝါရှင်တန် ၊ မေ (၁၄) ဘီလျံနာ အီလွန်မာ့စ်ခ်သည် သမ္မတဟောင်း ဒေါ်နယ်ထရန့်အပေါ် တွစ်တာ မှ တစ်သက်သာ သုံးစွဲခွင့် ပိတ်ပင်ထားမှုကို ရုတ်သိမ်းပေးစေလိုခြင်းဟာ လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုမှာ ထရန့်ကို ထောက်ခံသည်ဟု မဆိုလိုဘူးလို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရှင်းလင်း ရေးသားခဲ့ပါတယ်။ ထရန့်အား ပိတ်ပင်ရန် တွစ်တာရဲ့ ဆုံးဖြတ်ချက်ဟာ…

စင်ထန့်ဂရုက ပတ္တရာကမ်းခြေမှာ သဘာဝပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက် တည်ဆောက်မယ်

ဘန်ကောက် – မေ(၁၄) ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး လက်လီအရောင်ဆိုင်လုပ်ငန်း စင်ထန့်လုပ်ငန်းစု(Central Group) က ကိုဗစ်ကပ်ဘေးအလွန်နိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပတ္တရာကမ်းခြေမျက်နှာစာမှာ ကမ်းခြေအပန်းဖြေမြို့တော်ရဲ့ သဘာဝ ပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက်တစ်ခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။ စင်ထန့်လုပ်ငန်းစုဟာ စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပါဝင်မယ့် အဲ့ဒီအဆောက်အုံအတွက် ဝန်ဂါမတ်ကမ်းခြေမှာ ဘတ်(၃) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ မျှော်မှန်းထားတာပါ။…

စင်ထန့်ဂရုက ပတ္တရာကမ်းခြေမှာ သဘာဝပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက် တည်ဆောက်မယ်

ဘန်ကောက် – မေ(၁၄) ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး လက်လီအရောင်ဆိုင်လုပ်ငန်း စင်ထန့်လုပ်ငန်းစု(Central Group) က ကိုဗစ်ကပ်ဘေးအလွန်နိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပတ္တရာကမ်းခြေမျက်နှာစာမှာ ကမ်းခြေအပန်းဖြေမြို့တော်ရဲ့ သဘာဝ ပန်းခြံနဲ့ တွဲစပ်ထားတဲ့ ကုန်တိုက်တစ်ခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။ စင်ထန့်လုပ်ငန်းစုဟာ စျေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပါဝင်မယ့် အဲ့ဒီအဆောက်အုံအတွက် ဝန်ဂါမတ်ကမ်းခြေမှာ ဘတ်(၃) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ မျှော်မှန်းထားတာပါ။…

အာဆီယံခေါင်းဆောင်တွေအတွက် အမေရိကန်ဒေါ်လာသန်း(၁၅၀) ဘိုင်ဒန်အသုံးပြုဖို့စီစဉ်

ဝါရှင်တန် – မေ(၁၄) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြိုင်ဘက်တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် အရှေ့တောင် အာရှခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ သူတို့ရဲ့ အခြေခံအဆောက် အုံတွေ၊လုံခြုံရေး၊ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုနဲ့ တခြားလုပ်ဆောင်မှုတွေအတွက် အမေရိကန်ဒေါ်လာသန်း(၁၅၀) သုံးစွဲမယ်လို့ ကတိပေးခဲ့ပါတယ်။ မေလ(၁၂) ရက်နေ့က စတင်ပြီး ဝါရှင်တန်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နဲ့ နှစ်ရက်ကြာ အထူးထိပ်သီးအစည်းအဝေးကျင်းပနေပြီး အိမ်ဖြူတော်မှာ ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဌာနမှာ…

စစ်ကောင်စီ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး သာဖြစ်တယ်လို့ PNFC ဝေဖန်

မော်လမြိုင် ၊ မေ(၁၃) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ စစ်အာဏာရှင်စနစ် ဆက်လက် တည်မြဲရေးသာ ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC က ထုတ်ပြန်လိုက်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်လာမှာ မဟုတ်ဘဲ တိုင်ရင်းသားအင်အားစုတွေ၊…

တနင်္သာရီမှာ စစ်ရှောင်ပြည်သူတွေထံ ရိက္ခာကူညီပေးနေတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီ လိုက်လံ ပိတ်ဆို့နေ

တနင်္သာရီ ၊ မေ (၁၄) တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူတွေထံ ရိက္ခာကူညီ ပို့ဆောင်ပေးနေတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေပြီး ပိတ်ဆို့တာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာ…

စစ်ကောင်စီနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်လွန်သွားပြီးလို့ KNU တုံ့ပြန်

ဘားအံ ၊ မေ (၁၄) အာဏာသိမ်း စစ်ကောင်စီနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်လွန်သွားပြီးလို့ ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်က သူဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကေအဲန်ယူအပါအဝင် ကေအိုင်အေ ကေအန်ပီပီအဖွဲ့တို့ မတက်ရောက်တာဟာ ပြည်ပနိုင်ငံတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုမှုအပေါ် ပဒိုစောတောနီးက တုံ့ပြန်ပြောဆိုလိုက်တာပါ။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ…

အာဏာသိမ်းမှုကြောင့် အရပ်သား သေဆုံးမှု ၅၆၀၀ ကျော်ထိ ရှိလာ

ရန်ကုန် ၊ မေ(၁၃) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် မေလ ၁၀ ရက်နေ့အထိ အရပ်သားပြည်သူ သေဆုံးမှု ၅၆၀၀ ကျော်ထိ ရှိလာတယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ အဲ့ဒီထဲမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ပစ်ခတ်သတ်ဖြတ်ခံရတာ၊ စစ်ကောင်စီ စစ်ကြောရေးနဲ့ အကျဉ်းထောင်၊ ရဲစခန်းတွေမှာ…

စစ်ကောင်စီ လေးကေစခန်းမှာ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၉၀ ကျော်ကို လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးထား

ဘီးလင်း ၊ မေ (၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်၊ လေးကေ ကျေးရွာရှိ စစ်ကောင်စီရဲ့ လေးကေစခန်းမှာ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၉၂ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၄ ဦးနဲ့ အမျိုးသမီးတွေ အပါအဝင်…