၂၀၂၄ ခုနှစ်မှာ တရုတ်နဲ့ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလျံ(၂၀၀) ထိရောက်ဖို့ ရုရှားမျှော်လင့်

မော်စကို – ဧပြီ(၂)

ရုရှားဟာ တရုတ်နဲ့ ကုန်စည်စီးဆင်းမှုကို လာမယ်(၂၀၂၄) ခုနှစ်မှာ အမေရိကန်ဒေါ်လာဘီလျံ(၂၀၀) အထိရောက်ရှိိဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ လုပ်ရပ်တွေကိုတရုတ်က ရှုတ်ချဖို့ ငြင်းဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ကန့်သတ်ချက်မရှိမိတ်ဖက်အဖြစ်ကြေညာခဲ့ပြီး လာမယ်နှစ်တွေမှာ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ အနောက်နိုင်ငံတွေက ရုရှားကို ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ 

“၂၀၂၄ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံအထိ ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်အောင် အာရုံစိုက်နေပါတယ်” လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနပထမဆုံး အာရှဌာန အကြီးအကဲ Georgiy Zinoviev က Interfax သတင်းဌာနကိုပြောခဲ့ပါတယ်။ 

ဒါ့အပြင် အကြံပြုထားတဲ့ ရည်မှန်းချက်ကိန်းဂဏာန်းတွေကို စီစဉ်ထားတာထက် စောရောက်ဖို့ ဖြစ်နိုင်ခြေ အတော်လေးရှိနေတယ်လို့ သူကပြောပါသေးတယ်။ 

ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားကုန်သွယ်မှုကိုလိုက်လျောညီထွေဖြစ်အောင်အချိန်ယူရမှာဖြစ်ပြီး တရုတ်နိုင်ငံဟာလည်း ကိုဗစ်အခြေအနေနဲ့ ရုန်းကန်နေရတဲ့အတွက် ရှုပ်ထွေးမှုတွေလည်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ 

“တရုတ်သည် ရုရှားတွင် ၎င်း၏စီးပွားရေးကို ချဲ့ထွင်ရန် စိတ်ဝင်စားနေဆဲဖြစ်ပြီး အနောက်နိုင်ငံအချို့မှ ကုမ္ပဏီများမှ ထွက်ခွာသွားခြင်းကြောင့် နောက်ထပ် အခွင့်အလမ်းများ ပွင့်လာနေသည်” လို့ Zinoviev ကပြောခဲ့ပါတယ်။ 

ရုရှားကို ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်ဖို့ ကူညီမယ်ဆိုပါက တရုတ်ကုမ္ပဏီတွေ ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲအရေးယူမှုအန္တရာယ်တွေရှိနိုင်ပေမယ့် ပူးပေါင်းဆောင်ရွက်မှု သိသိသာသာတိုးလာနိုင်ဖို့ ရှိတယ်လို့လည်း သူကပြောပါသေးတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.