ဘန်ကောက် – ဧပြီ(၁၉)

ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ ဒုတိယအကြီးဆုံးလေဆိပ် ဒွန်မောင်း ဟာ မနေ့က မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် လေဆိပ်ခေါင်မိုးတစ်ခုပြိုကျခဲ့ပါတယ်။

ဧပြီလ(၁၈) ရက်နေ့ညနေပိုင်းက ဘန်ကောက်မြို့နေရာတော်တော်များများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခဲ့တဲ့အတွက် ဒွန်မောင်းလေဆိပ် အဆောက်အုံခေါင်မိုးပြိုကျခဲ့ရတာပါ။

အဲ့ဒီအဆောက်အုံဟာ လေဆိပ် Terminal – 1 အနီးက ခရီးသွားတွေအတွက် ဝန်ဆောင်မှု ပေးတဲ့ ခန်းမအဖြစ်အသုံးပြုတဲ့နေရာဖြစ်ပါတယ်။

လေပြင်းမုန်တိုင်းကြောင့် အသစ်ဆောက်လုပ်ထားတဲ့ အုတ်တံတိုင်းအပါအဝင်ခေါင်မိုး တွေလည်း ပျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီး Saksayam Chidchob က ပြိုကျရတဲ့ အကြောင်းရင်း ကို စုံစမ်းစစ်ဆေးဖို့ Airports of Thailand Plc ကိုညွှန်ကြားထားပါတယ်။

ပြိုကျခဲ့တဲ့အဆောက်အုံဟာ ပြီးခဲ့တဲ့နှစ်က တည်ဆောက်ပြီးစီးခဲ့ပေမယ့် ကိုဗစ်- 19 ကြောင့်မဖွင့်လှစ်ရသေးတဲ့အတွက်လူနေထိုင်မှုမရှိပဲ ထိခိုက်ဒဏ်ရာရတာတွေ မရှိခဲ့ပါဘူး။

Ref:BangkokPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.