This handout photo released by the host broadcast, ASEAN Summit 2021, on October 26, 2021 shows US President Joe Biden (C) taking part in the ASEAN-US Summit on the sidelines of the 2021 Association of Southeast Asian Nations (ASEAN) summits held online on a live video conference in Bandar Seri Begawan, Brunei. (Photo by Handout / ASEAN Summit 2021 / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / ASEAN Summit 2021 " - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

ဘန်ကောက် – ဧပြီ(၁၉)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့အတူ အမေရိကန် – အာဆီယံ အထူးထိပ်သီးအစည်းအဝေးကို မေလ ၁၂ နဲ့ ၁၃ ရက်တွေမှာ ဝါရှင်တန်ဒီစီမှာ လူတွေ့ကျင်းပသွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။

အထူးထိပ်သီးတွေ့ဆုံပွဲမှာ အာဆီယံအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ် တွေသေချာစေဖို့ ဆောင်ရွက်မှာဖြစ်ပြီး (၄၅) နှစ်ကြာ အမေရိကန်- အာဆီယံဆက်ဆံရေး ကို အထိမ်းအမှတ်အနေနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“၂၀၂၁ ခုနှစ် အောက်တိုဘာလ လက အမေရိကန် အာဆီယံထိပ်သီးတွေ့ဆုံပွဲမှာ သမ္မတ

ဘိုင်ဒန်ရဲ့ ပူးပေါင်းပါဝင်မှုကိုအခြေခံပြီး ကိုဗစ်-19 ပြန်လည်နာလန်ထူနိုင်ရေး၊

ကျန်းမာလုံခြုံရေး၊ ရာသီဉတုဆိုင်ရာအကျပ်အတည်းတွေကို ရင်ဆိုင်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုး

တိုးတက်မှု မြှင့်တင်ဖို့၊ ကျားမတန်းတူ ညီမျှမှုမြှင့်တင်ဖို့နဲ့ လူ့အသိုင်းအဝိုင်းအချင်းချင်း

စည်းနှောင်မှုတွေကျယ်ပြန့်ဖို့ ကိစ္စရပ်တွေအတွက် အာဆီယံနဲ့စေ့စပ်ဆောင်ရွက်မှု

ချဲ့ထွင်းဖို့ အမေရိကန်ဒေါ်လာ ၁၀၂ မီလျံကို ရှေ့ပြေးအနေနဲ့ ကူညီထောက်ပံ့သွားမှာ”

လို့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အိမ်ဖြူတော် မီဒီယာအတွင်းရေးမှူး မစ္စ Psaki ရဲ့ပြောဆိုချက်အရ ဘိုင်ဒန် – ဟဲရစ်အုပ်ချုပ်ရေးရဲ့ အမြင့်ဆုံးဦးတည်ချက်ဟာ အရှေ့တောင်အာရှိမှာ သန်မာပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ်ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသအတွက် တူညီတဲ့ ဆန္ဒနဲ့ အတူပွင့်လင်းလုံခြုံတဲ့ ချိတ်ဆက်မှုတွေနဲ့ ခံနိုင်ရည် ရှိတဲ့ အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ဖို့ ကတိကဝတ်တွေကို ပိုမိုခိုင်မာစေပြီး အာဆီယံအတွက် ကန်အစိုးရရဲ့ ရည်မှန်းချက်တွေကို ဝေမျှထားတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.