ဘန်ကောက် – ဧပြီ(၁၉)

တူနီးရှားရေပိုင်နက်ထဲ မှာ ရေနံတန် (၁၀၀၀) တင်လာတဲ့ ကုန်တင်သင်္ဘောတစ်စင်းနစ် မြုပ်ပြီးနောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်ဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

သင်္ဘောဟာ အီကွေတိုရီရယ်ဂီနီကနေ မော်လ်တာကို သွားနေချိန် တောင်ပိုင်း ဂါးဘက်စ် ကမ်းလွန် ခုနှစ်မိုင်အကွာမှာ နစ်မြုပ်သွားတာဖြစ်ပြီး သင်္ဘောသား ခုနှစ်ယောက်လုံး ရဲ့အသက်ကိုတော့ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။

တူနီးရှားကာကွယ်ရေးဝန်ကြီးဌာနက အကူအညီပေးမယ့် နိုင်ငံတွေကို ထုတ်ဖော်ပြော ဆိုထားတာမရှိပေမယ့် အထူးရေငုပ်အဖွဲ့က ဆီယိုစိမ့်မှုရှိမရှိ စစ်ဆေးဖို့ စတင်လုပ်ဆောင် နေပြီး အီတလီကလည်း အဏ္ဏဝါဘေးအန္တရာယ်ဆိုင်ရာ အထူးပြုရေယာဉ်တစ်စီ စေလွတ်ဖို့ မျှော်လင့်ထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

“အခြေအနေက စိတ်ချရပြီး ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နစ်မြုပ်သွားတဲ့ သင်္ဘောရဲ့ တိုင်ကီကနေ အခုအချိန်အထိ ဓာတ်ဆီယိုစိမ့်မှုကို မှတ်တမ်းတင်ထားခြင်း မရှိသေးပါဘူး” လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး က ပြောပါတယ်။

တူနီးရှားအာဏာပိုင်တွေက နစ်မြုပ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေစတင်လုပ် ဆောင်ပြီးချိန်မှာတော့ သင်္ဘောနစ်မြုပ်တာဟာ ရာသီဉတုဆိုးရွားတာကြောင့် ဖြစ်တယ် လို့ထုတ်ပြန်ထားပါတယ်။

ဂါးဘက်စ်ကမ်းရိုးတန်းဟာ နှစ်ပေါင်းများစွာ ကြီးမားတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု တွေကို ခံစားခဲ့ရပြီး အဲ့ဒီဒေသက စက်ရုံအလုပ်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်ထဲကို တိုက်ရိုက် စွန့်ပစ်တာတွေရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတွေက ဝေဖန်ထားပါတယ်။

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.