ဘန်ကောက် – ဧပြီ(၁၈)

ဂျေရုဆလင် HOLY နေရာအတွင်း လူ(၁၇၀) လောက်ထိခိုက်ခဲ့တဲ့အကြမ်းဖက်ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်မှာတော့ အာရပ်-အစ္စရေး ပါတီအကြီးအကဲ(ရာအမ်) က သူ့ရဲ့ အဖွဲ့ဝင်မှု ကိုဆိုင်းငံ့တယ်လို့ကြေငြာလိုက်တယ့်အတွက် အစ္စရေးညွန်ပေါင်းအုပ်ချုပ်ရေးအဖွဲ့ဟာ ခွဲထွက်မှုအသစ်တစ်ရပ််နဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ဂျူးလူမျိုးတွေအတွက် Temple Mount လို့ လူသိများတဲ့ AL-Aqsa ဗလီပတ်လည်မှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် မွတ်ဆလင်တွေနဲ့ ဂျူးလူမျိုးတွေကိုပါ အထိတ် တလန့်ဖြစ်ပြီးနောက်မှာတော့ ရာအမ်ကို နှုတ်ထွက်ဖို့ ဖိအားဖြစ်စေခဲ့တာလို့ သိရပါတယ်။

“အစိုးရအနေနဲ့ ဂျေရုဆလင်ရဲ့ လူထုကို ဆန့်ကျင်တဲ့ခြေလှမ်းဆက်လှမ်းမယ်ဆိုရင် အဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်မှာဖြစ်ပါတယ်” လို့ အာရပ်-အစ္စရေးပါတီအကြီးအကဲ ရာအမ်က ထုတ်ပြန်ထားပါတယ်။

ပါလက်စတိုင်းနဲ့အစ္စရေး နိုင်ငံသား အယောက်(၂၀)လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ပြီးချိန်မှာ ဒီကြေငြာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဂျူးဘာသာ‌ရေးပွဲတော်နဲ့ မွတ်စလင် ရာမ်ဇန် ဥပုသ်လ  တိုက်ဆိုင်နေချိန်နှစ်ဖက်  အခြေအနေ တင်းမာနေပြီး  သောကြာနေ့ကတည်းဖြစ်ပွားလာခဲ့တဲ့ထိတွေ့မှုတွေမှာ

 အယောက်(၁၇၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်တွေအရ လုံထိန်းတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ဖယ်ရှား ဖို့အမိန့်ပြန်တမ်းထုတ်ပြန်ဖို့ ဗလီအဝင်းအဝိုင်းထဲ ဝင်ရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်မြို့ဟောင်းပြင်ပမှာ ပလက်စတိုင်း လူငယ်တွေဟာဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင်ကားတွေကို ကျောက်ခဲနဲ့ ပစ်ပေါက်ခဲ့ကြပြီး၊ ပြတင်းပေါက်တွေကို ရိုက်ခွဲဖျက်စီးခဲ့တဲ့အတွက် လူ (၇)ယောက်လောက် အသေးစားဒဏ်ရာရရှိခဲ့ပါသေးတယ်။  

လခြမ်းနီပါလက်စတိုင်းကတော့ ပါလက်စတိုင်းနိုင်ငံသား (၁၉) ဒဏ်ရာရရှိ ခဲ့ပြီး အနည်းဆုံး(၅)ယောက်ဆေးရုံတင်ထားရပြီး တချို့ဆန္ဒထုတ်ဖော်သူတွေမှာ ရာဘာငုံထားတဲ့ စတီးကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။  

ရဲတပ်ဖွဲ့ကတော့ ပါလက်စတိုင်း(၁၈)ယောက်ကို ဖမ်းဆီးခဲ့ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီး Omer Bar-Lev က အစ္စရေးနိုင်ငံသားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေကို ပြုလုပ်တဲ့ဘယ်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ဂျေရုဆလင်မှာ ဘာသာတရားအားလုံးကို ဆုတောင်ခွင့်ပြုနိုင်ဖို့ ကြိုးပမ်းဆောင် ရွက်ရမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အစစ္စရေးနိုင်ငံသားတွေအတွက် လုံခြုံရေး ပေးနိုင်မယ့် ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို လုပ်ဆောင်ရမယ်လို့ သူကပြောပါသေး တယ်။

ဂျော်ဒန်ဘုရင်(၂) အက်ဘ်ဒူလာကတော့ နောက်ဆက်တွဲပိုမိုပြင်းထန်မှုတွေကို ဖြစ်ပေါ်စေ မယ့်တရားမဝင်ဖန်တီးယူထားတဲ့ အတိုင်းအတိုင်တွေကို ရပ်တန့်ဖို့ အစ္စရေးနိုင်ငံကို တောင်းဆိုထားပါတယ်။

Ref:channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.