ဘန်ကောက်- ဧပြီ(၁၇)

အစ္စလာမ်ဘာသာဝင်တွေအများစုနေထိုင်တဲ့ ထိုင်းတောင်မှာ ဗုံးပေါက်ကွဲမှာ ဖြစ်စဉ် ခဲ့တဲ့အတွက် ထိုင်းအစိုးရနဲ့ အဓိက လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာမန်ဒန်သဘောတူ ညီချက်ကို ကျိုးပျက်စေခဲ့တဲ့အတွက် ငြိမ်းချမ်းရေးစကားဝိုင်းက ပယ်ခံထားရတဲ့ လက်နက်ကိုင်အဖွဲ့ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ရဲသုံးယောက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ယောက်သေဆုံးခဲ့တဲ့ ပေါက်ကွဲမှု နှစ်ခုစလုံး ကို Patani United Liberation Organization (PULO) အဖွဲ့ စစ်သွေးကြွ အုပ်စု G5 က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ PULO ဥက္ကဌ Kasturi Mahkota က ပြောပါတယ်။

ထိုင်းအစိုးရနဲ့ မလေးရှားမွတ်ဆလင်အများစုနေထိုင်တဲ့ နာရာထီဝတ်၊ရာလာ၊ဖထနီနဲ့ ဆုန်လလာနယ်မြေအစိတ်အပိုင်းအတွက် လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ အစုအဖွဲ့ တွေနဲ့ တိုက်ပွဲတွေကြောင့် လူ(၇၃၀၀)ကျော်သေဆုံးထားတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသဟာ ဖထနီပသီဘုရင်ရဲ့ နယ်မြေတွေဖြစ်ပြီး ဗြိတိန်နဲ့ချုပ်ဆိုထားတဲ့ ၁၉၀၉ သဘောတူစာချုပ်အရ ထိုင်းနိုင်ငံက သိမ်းယူထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်က တွေ့ဆုံမှုမှာတော့ မေလ(၁၄) ရက်နေ့အထိ မွတ်ဆလင် ရာမန်ဒန် လအတွင်း အကြမ်းဖက်မှုကို ရပ်တန့်ဖို့ ဆုံးဖြတ်ထားခဲ့ကြပြီး အစိုးရနဲ့ အမျိုးသားတော် လှန်ရေးတပ်ဦး (National  Revolutionary Front Barisan Revolusi Nasional (BNR) တို့ဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ PULO အတွက် ဖထနီခရိုင်အတွင်း ပေါက်ကွဲမှု တွေ ဟာ  ပုံမှန်အတိုင်းဖြစ်လေ့ရှိတဲ့ အခြေအနေဖြစ်တယ်လို့ PULO ဥက္ကဌ Mahkota က ပြောပါတယ်။  

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်တဲ့ ထိုင်းအစိုးရရဲ့ ဆွေးနွေးမှုအဖွဲ့နဲ့ (BRN)  တို့ကတော့ အခုအခြေအနေအတွက်မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံက လွတ်မြောက်နိုင်ဖို့အတွက် ထည့်မတွက် ထားပဲ အားလုံးအကျုံးဝင်ဖို့ မလွယ်လောက်အောင်ဆွေးနွေးမှုတွေ မြန်ဆန် နေတယ်လို့ PULO ဥက္ကဌက ပြောပါတယ်။

၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ ထိုင်း နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို မကြာခဏ ကြားဝင်နှောက်ယက်ခံရလေ့ရှိပြီး ၂၀၁၉ ခုနှစ်မှာ အခုလိုအခြေအနေမျိုး ကြုံတွေ့ ထားခဲ့သေးတယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.