New York City Police Department personnel gather at the entrance to a subway stop in the Brooklyn borough of New York, Tuesday, April 12, 2022. Multiple people were shot and injured Tuesday at a subway station in New York City during a morning rush hour attack that left wounded commuters bleeding on a train platform. (AP Photo/John Minchillo)

ဘန်ကောက် – ဧပြီ(၁၇)

နယူးယောက်မြို့က မြေအောက်ရထားမှာ လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုနဲ့ တရားစွဲခံရ တဲ့အမျိုးသားကို ဖမ်းဆီဖို့ကူညီပေးသူ ငါးယောက်ကို ဒေါ်လာ(၅၀၀၀၀) ခွဲပေးမယ်လို့ နယူးယောက်ရဲတပ်ဖွဲ့ကြေငြာပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် လူ(၁၀)ယောက်ကျည်ထိမှန်ခဲ့ပေမယ့် အားလုံးကတော့ အသက်ရှင် နိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

 “ကျွန်ုပ်တို့ရဲတပ်ဖွဲ့က သံသယရှိသူကို ရှာဖွေဖို့အတွက် ပြည်သူတွေရဲ့ သတင်းအချက် အလက်ရရှိဖို့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုခဲ့ပြီး တုံ့ပြန်ဖြေကြားပေးသူအားလုံးကို ကျေးဇူး တင်ပါတယ်” လို့ရဲမင်းကြီးရဲ့  ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အသက်(၆၂) နှစ်အရွယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်ပိုင်းက ဘရွတ်ကလင်းမြို့နယ် အတွင် လူရှုပ်ထွေးနေချိန် မြေအောက်ရထားတစ်စီးထဲကို   မီးခိုးဗုံးတွေပစ်ခဲ့တဲ့အတွက် လူအယောက်(၃၀)လောက်ထိခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

လူဦးရေထူထပ်တဲ့ ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြေအောက်ရထားကို အကြီးစား တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဖရန့်ဂျိမ်းစ်ကို မန်ဟက်တန်မြို့နယ် မှာ နာရီ(၃၀) အတွင်း လူထုရဲ့အကူအညီနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်ရဲတပ်ဖွဲ့က စုံထောက်တွေဟာ ဂျိမ်းမ်ကိုရှာဖွေတွေ့ရှိဖို့ ကူညီပေးတဲ့  ဖြစ်ရပ်တွေအတွင်း သတင်းစီးဆင်းမှုလမ်းကြောင်းတစ်ခုကို အသုံးပြုခဲ့ပြီး အကြံဥာဏ်  ပေးသူတွေထဲက ငါးယောက်ကို သံသယရှိသူကို တိုက်ရိုက်သတင်းပေးပို့သူ အဖြစ် ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.