ဘန်ကောက် – ဧပြီ(၁၆)

စင်္ကာပူဘဏ္ဍာရေးဝန်ကြီး Lawrence Wong ကို လက်ရှိအာဏာရလူထုဆောင်ရွက်မှု ပါတီ (People Action Party PAP) ရဲ့ စတုတ္ထ မျိုးဆက်ခေါင်းဆောင်အဖြစ် အမည် စာရင်းတင်သွင်းခဲ့ပြီး စင်္ကာပူရဲ့ နောက်ထပ် ဝန်ကြီးချုပ်အဖြစ် လွမ်းဖွင့်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

မစ္စတာ Wong ကို 4G အဖွဲ့ခေါင်းဆောင်ဖြစ်လာစေဖို့ အစိုးရအဖွဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ ရွေးချယ်မှုတွေနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ခဲ့ကြတယ်လို့ ဝန်ကြီးချုပ် လီရှန်လွန် က ပြောဆိုထားပါတယ်။

ပါတီရဲ့ကော်မတီအစည်းအဝေးမှာ  အစိုးရအဖွဲ့နဲ့ပါလီမန်အမတ်တွေအားလုံးက  အဲ့ဒီဆုံး ဖြတ်ချက်ကို  အတည်ပြုပေးခဲ့ကြတယ်လို့ PAP ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့  ဝန်ကြီးချုပ်က ထပ်မံပြောဆိုပါတယ်။

ဒုဝန်ကြီးချုပ်ဟာ အသက်(၆၁) နှစ်ရှိနေပြီဖြစ်တဲ့အတွက် 4G  အဖွဲ့က နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးချုပ် အနားယူရင် တိုင်းပြည်ကို ဦးဆောင်မယ့် ခရီးရှည်အတွက် ငယ်ရွယ်တဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကို လမ်းဖွင့်ပေးလိုတဲ့အတွက် ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

လက်ရှိအချိန်မှာတော့ စင်္ကာပူနိုင်ငံမှာ ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရဆဲအခြေအနေမှာ ရှိနေသေးပြီး 4G ဝန်ကြီးတွေအနေနဲ့ နောက်ထပ်ခေါင်းဆောင်တစ်ယောက်အပေါ်  သဘောတူဆန္ဒရရှိဖို့  အချိန်တခုတည်းပေးဖို့ တောင်းဆိုထားကြပါတယ်။

ဝန်ကြီးချုပ်လီဟာ ဝန်ကြီးတွေနဲ့တိုင်ပင်ဆွေးနွေးပြီးနော် ပါလီမန်ပြောရေးဆိုခွင့်ရှိသူ Tan Chuann  Jin သာမက NTUC အတွင်းရေးမှူး Ng Chee Menng နဲ့ 4G ဝန်ကြီးဟောင်း တွေနဲ့အားလုံးအကျုံးဝင်ပြီး အဲ့ဒီကိစ္စနဲ့ ပတ်သက်တဲ့ဖြစ်စဉ်အတွက် PAP ဥက္ကဌဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ Khaw Boon Wan ကို မေးမြန်းခဲ့သေးတယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်တွေအရ မစ္စတာ Khaw ဟာ 4G ခေါင်းဆောင်တွေအပေါ် အများသဘော တူန္ဒချမှတ်နိုင်ရေးအတွက် တစ်ယောက်ချင်းရဲ့ ယုံကြည်စိတ်ချမှုနဲ့ ပတ်သက်ပြီး အမြင် တွေကို မေးမြန်းခဲ့ပြီး ဝန်ကြီးချုပ်နဲ့အကြီးတန်းဝန်ကြီးနှစ်ယောက်ရဲ့ သဘောထားကို တောင်းခံခဲ့တာမရှိဘူးလို့ သိရပါတယ်။

မစ္စတာ Khaw ရဲ့တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရအဖွဲ့ဝန်ကြီးတွေ နဲ့ Mr Tan နဲ့ Mr Ng တို့ကိုပါ အကျဉ်းချုပ်ပြောဆိုခဲ့ပြီး မစ္စတာ Wong ကို 4G ကိုဦးဆောင် ဖို့ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပြီး PAP ပါလီမန်အမတ်တွေကို အတည်ပြုဆုံးဖြတ်ဖို့ တင်ပြခဲ့ပါတယ်။

Ref: Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.