FILE PHOTO: Healthcare workers wearing personal protective equipment (PPE) stand at the entrance of a coronavirus disease (COVID-19) hospital in Ahmedabad, India, January 7, 2022. REUTERS/Amit Dave

ဘန်ကောက်- ဧပြီ (၁၆)

ယမန်နှစ် ဧပြီနှင့် မေလအတွင်း အိန္ဒိယမှာ ကိုဗစ် 19 ကူးစက်မှုများမြင့်တက်လာချိန်မှာ အနောက် ပိုင်းမြို့တော် Ahmedabad ရဲ့ စုစု‌ပေါင်းသေဆုံးမှုနှုန်းထားဟာ လွန်ခဲ့သော ၂ နှစ်ထက် ၃ ဆ မြင့်တက်ခဲ့တယ်လို့ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေက ဖော်ပြနေပါတယ်။

Ahmedabad ‌ဒေသ အုပ်ချုပ်‌ရေးမှ လူထုသတင်းအချက်အလက် တက်ကြွလှုပ်ရှားသူများနှင့် ရိုက်တာ သို့ ကြာသပတေးနေ့မှာ ပေးပို့ခဲ့တဲ့ အချက်အလက်တွေမှာ သေဆုံးမှုတွေရဲ့ အကြောင်းအရင်း ကို မဖော်ပြထားပေမယ့် အိန္ဒိယမှာကိုဗစ် 19 ‌ကြောင့် သေဆုံးမှုနှုန်းထားများကို ရေတွက်ချက်များသည် လွန်စွာမှ ကျဆင်းနေခဲ့တယ်လို့ ကျန်းမာရေးပညာရှင်များက ဝေဖန်ခဲ့ကြပါတယ်။

 လူဦးရေ ၈ မီလီယမ် အထိနေထိုင်သော မြို့တော်ရဲ့ ၂၀၂၁ ခုနှစ် ဧပြီလနှင့် မေလအတွင်းရှိ ‌သေဆုံးမှုနှုန်းအစီရင်ခံမှုမှာ (၃၀၀၀၀)ကျော် အထိရှိပြီး လွန်ခဲ့သော ၂ နှစ်ရဲ့ တူညီသော အချိန်ကာလအတိုင်းနှိုင်းယှဥ်ရင် ပျမ်းမျှသေဆုံးမှုမှာ ၈၃၃၇ ဦး ဖြစ်ပါတယ်။

ဂူဂျာရတ် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်များနှင့်ဆိုရင် ယမန်နှစ်ရဲ့ ထိုနှစ်လအတွင်း သေဆုံးမှုနှုန်းမှာ လူဦးရေ ၁၀၀၀ ထက်မနည်း ကွာဟနေပါတယ်။

အမည်မဖော်လိုသူ ကျန်းမာရေးအရာရှိတစ်ဦးသည်လည်း အမှန်တကယ် ကိုဗစ် 19 ကိန်းဂဏန်းများကို လျှော့ချရန် တစုံတရာကြိုးပမ်းမှုများအကြောင်းကို ငြင်းဆိုထားခဲ့သလို ပြည်နယ် ကျန်းမာရေးဌာန အတွင်းရေးမှူး Manoj Aggarwal သည်လည်း မှတ်ချက်ပေးရန် ငြင်းဆိုထားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားအများစုသည် အိမ်များ၊ ကားပါကင်များနှင့် ဆေးရုံသို့သွားရာလမ်းမှာ အများစုသေဆုံးခဲ့ကြရပြီး Ahmedabad နှင့် နယူးဒေလီမြို့မှာ ယမန်နှစ်တွင် အောက်ဆီဂျင်၊ လူနာ တင်ယာဥ်နှင့် ဆေးရုံကုတင် စသည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကူးစက်မှုဖြစ်စဥ် ၄၃ မီလီယမ်အထိရှိပြီး အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယနေရာတွင် ရှိနေကာ သေဆုံးသူပေါင်း ၅၂၁၀၀၀ ခန့်ရှိပါတယ်။

အချို့သော ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များသည် အိန္ဒိယနိုင်ငံမှာ ကိုဗစ် ကူးစက်‌ရောဂါကြောင့် သေဆုံးမှုကို ၃ မီလီယမ်ကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Retuers

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.