ဘန်ကောက် – ဧပြီ(၁၆)

မြောက်ကိုရီးယားနဲ့ ချိတ်ဆက်ထားတဲ့ ဟက်ကာတွေက ပြီးခဲ့တဲ့လက လူကြိုက်များတဲ့ Axie Infinity ဂိမ်းကစားသူတွေကို ပစ်မှတ်ထးပြီး အမေရိကန်ဒေါ်လာ သန်း(၆၂၀) တန် ခရစ်ပတိုငွေကြေး ခိုးယူခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ အမေရိကန်အာဏာ ပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက ဟက်ကာတွေက ဂိမ်းကစားတာ၊ဂိမ်းဇာတ်ကောင်ကိုယ်ပွားရုပ်ပုံတွေကို ရောင်းဝယ်တာတွေကတဆင့် ကစားသမားတွေရဲ့ ခရစ်ပတို ဝင်ငွေရရှိနိုင်တဲ့ ဂိမ်းကနေ ကန်ဒေါ်လာ သန်း(၃၂၀) အလားတူဖောက်ထွင်းခိုးယူမှုတစ်ခုဖြစ်ခဲ့ပါသေးတယ်။

စုံစမ်းစစ်ဆေးမှုတွေက ကတစ်ဆင့် ဖောက်ထွင်းခိုးယူမှုအတွက် မြောက်ကိုရီး ယားနဲ့ ချိတ်ဆက်ထားတဲ့ လာဇရပ်စ် အဖွဲ့ Lazarus Group နဲ့ APT38 နဲ့ ဆက်စပ်နေတဲ့ ဆိုက်ဘာကစာသမား တွေအတည်ပြုနိုင်ခဲ့တယ်လို့ FBI ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာဇရပ်စ် အဖွဲ့  Lazarus Group ဟာ  ၂၀၁၄ ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို သရော်ရိုက်ကူးထားတဲ့ The Interview ရုပ်ရှင်အတွက် လက်စားချေ တုံ့ပြန်တဲ့အနေနဲ့ Sony Pictures Entertainment ကို ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကျော်ကြားလာခဲ့တဲ့ အဖြစ်ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဆိုက်ဘာပရိုဂရမ်ဟာ အနည်းဆုံး ၁၉၉၀  ပြည့်လွန်နှစ်တွေအတွင်း  စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ  ဘီလာရုစ်၊တရုတ်၊မလေးရှား၊အိန္ဒိယနဲ့ ရုရှားအပါအဝင် နိုင်ငံအများအပြားက အသုံးပြုလည်ပတ်နေတဲ့ ဗျူရို(၁၂၁) လို့ခေါ်တဲ့ အင်အား (၆၀၀၀) ရှိ ဆိုက်ဘာစစ်ဆင်ရေးယူနစ်အဖြစ်ကြီးထားလာခဲ့တယ်လို့ အမေရိကန်စစ်တပ်ရဲ့ ၂၀၂၀ ခုနှစ်  အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟက်ကာတွေဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒစ်ဂျစ်တယ် ငွေကြေး  ဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုတွေကတဆင့် အမေရိကန်ဒေါ်လာ သန်း  (၄၀၀) တန်ဖိုးရှိတဲ့ ခရစ်ပတိုငွေကြေးတွေ ခိုးယူခဲ့တယ်လို့ ဘလော့ချိန်းဒေတာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့   ချိန်းနလစ် က ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

ဘလော့ချိန်းကို ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ထည့်သွင်း ထားတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ ခရစ်ပတိုငွေကြေးတစ်ခုဖြစ်တဲ့ အီတာငွေ  ကြေး(၁၇၃၆၀၀) နဲ့ အမေရိကန်ဒေါ်လာ ၂၅.၂ သန်းတန်ဖိုးရှိတဲ့ ခရစ်ပတိုငွေကြေးတွေ

ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.