မော်လမြိုင် ၊ ဧပြီ (၉)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ လာမယ့် ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ပေးကြဖို့ သပိတ်ကော်မတီ အပါအဝင် တော်လှန်ရေးအင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။

ဒီအသံတိတ်သပိတ်ဟာ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပပြီး ပြည်သူတွေ ငြိမ်ဝပ်ပိပြား နေကြောင်း လိမ်လည်ပြသမှု အပါအဝင် တော်လှန်ရေး ရေလှိုင်းကို အရှိန်ကျသွားစေဖို့ အတုအယောင်ပျော်ရွှင်မှုတွေနဲ့ အစားထိုးလှည့်ဖြားမှုအပေါ် ဆန့်ကျင်ကြောင်း ပြသတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သင်္ကြန်အကျနေ့ နံနက် (၉)နာရီကနေ နေ့လယ် (၂)နာရီအတွင်း နေအိမ်အပြင်မထွက်ဘဲ အသံတိတ်သပိတ် (Silent Strike)မှာ ပူးပေါင်းပါဝင်ပေးဖို့ ထားဝယ် သပိတ်ကော်မတီက နှိုးဆော်ထားပါတယ်။



ထားဝယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် မဏ္ဍပ်တွေ တည်ဆောက်ထားပြီး သင်္ကြန်ကျင်းပွဲတော် ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

တော်လှန်အင်အားစုတွေကတော့ စစ်ကောင်စီက ကျင်းပမယ့် ထားဝယ်သင်္ကြန်မှာ ပြည်သူတွေအနေနဲ့ သွားရောက် ပျော်ရွှင်တာနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.