Russian Ambassador to the United Nations Vassily Nebenzia addresses the United Nations Security Council during a meeting, amid Russia's invasion of Ukraine, at the United Nations Headquarters in Manhattan, New York City, New York, U.S., April 5, 2022. REUTERS/Andrew Kelly TPX IMAGES OF THE DAY

ဘန်ကောက်_ ဧပြီ(၈)

နယူးယောက်မြို့မှာ ကျင်းကမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရုရှားကို လူ့အခွင့်အရေးကောင်စီက ဆိုင်းငံ့ထားဖို့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပြီး အမေရိကန်နိုင်ငံက တွန်းအားပေးလို့ ထောက်ခံမဲ ဒါမှမဟုတ် ကြား နေမဲ ပေးခဲ့ရင် နိုင်ငံချင်း ဆိုးဝါးတဲ့  အကျိုးဆက်တွေအဖြစ် ရှုမြင်မှာဖြစ်တယ်လို့ ရုရှား နိုင်ငံကသတိပေးခဲ့  ပါတယ်။

ဘူချာမြို့မှာ  အရပ်သားရာနဲ့ချီ သတ်ဖြတ်ခံလိုက်ရတယ်လို့ ယူကရိန်းနိုင်ငံက စွပ်စွဲပြီး ချိန်မှာတော့ ရုရှားကို ကုလလူ့အခွင့်အရေးကောင်စီကနေ ဆိုင်းငံ့ထားဖို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းက  ပြောဆိုခဲ့ပါတယ်။

မဲပေးသူတွေရဲ့ သုံးပုံနှစ်ပုံရဲ့ကြားနေမဲတွေကိုရေတွက်မှာ  မဟုတ်ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ကျူးလွန်ခဲ့တာတွေအတွက် ဂျီနီဗာအခြေစိုက်လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်(၄၇) နိုင်ငံက ဆိုင်းငံ့ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

“ရုရှားက သူတို့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဆိုင်းငံ့ဖို့ မဲပေးတဲ့ နိုင်ငံတွေကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်တာဟာ ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ချက်ချင်း ဆိုင်းငံ့ထားဖို့ လိုအပ်တယ်ဆိုတဲ့ နောက်ထပ် အထောက်အထားတွေပဲ” လို့  ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာ ဒယ်တွန် က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ  ရုရှားမစ်ရှင်ကတော့ သူ့နိုင်ငံကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ချတဲ့ နိုင်ငံတွေ ကို ကန့်ကွက်ပြောဆိုဖို့ ဖြစ်တယ်လို့ သိရပါတယ်။ 

ယူကရိန်းကို ရုရှားက ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်က စတင်ကျူးကျော်ခဲ့ချိန်ကစပြီးကုလသမဂ္ဂညီလာခံ က ရုရှားကိုရှုတ်ချတဲ့ ဆုံးဖြတ်ချက်(၂) ခုကို  ထောက်ခံမဲ (၁၄၁)မဲနဲ့   (၁၄၀)မဲတို့ဖြင့် ဆုံးဖြတ်ချက်ချဲ့တာပါ။

ယူကရိန်းအရပ်သားတွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး  ရုရှားက ငြင်းဆိုထားပြီး ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးက ဘူချာ ဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစဉ်မှာ အဲ့ဒီလို အကြမ်းဖက်မှုမျိုး ကြုံဖူးတဲ့ အရပ်သား တစ်ယောက်မှ မရှိဘူးလို့  ငြင်းဆိုထားပါတယ်။

၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ကဒါဖီသစ္စာခံတပ်တွေက  ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ခဲ့တာတွေ အတွက် ကုလသမဂ္ဂညီလာခံရဲ့ လူ့အခွင့်အရေးကောင်စီမှာ ဆိုင်းငံ့ထားဖူးတဲ့ဖြစ်စဉ်လည်း ရှိပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.