ဘန်ကောက်- ဧပြီ(၈)

ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားဘောလုံးအသင်းတွေ ကို နိုင်ငံတကာ ပြိုင်ပွဲတွေကနေ ရပ်ဆိုင်း ထားဖို့ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်(FIFA)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) တို့က ဆုံးဖြတ်လိုက်ပါတယ်။

ရုရှားဘောလုံးအဖွဲ့ချုပ်(FUR) ဟာ (FIFA) နဲ့  ပိုလန်၊ဆွီဒင်နဲ့ ချက်ဘောလုံးအဖွဲ့ချုပ်တွေကို အယူခံဝင် ခဲ့ပေမယ့် အားကစားဆိုင်ရာ သမာဓိခုံရုံး(CAS) က ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဉရောပဘောလုံးအဖွဲ့ချုပ်တို့ကတော့ ရုရှား နိုင်ငံကိုယ်စားပြုကလပ်အသင်း တွေနဲ့ လက်ရွေးစင်ဘောလုံးအသင်းတွေကို နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေကနေ အသိပေးချက်မထုတ် ပြန်အချင်း ပါဝင်ခွင့်ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက ကတာ ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ဖို့ ရုရှားဘောလုံးအဖွဲ့ချုပ်က ဖီဖာမှာ အယူခံဝင်ခဲ့ပေ မယ့် CAS က ငြင်းဆန်ပယ်ချခဲ့ပါတယ်။

မတ်လ(၂၄) ရက်နေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ပိုလန်နိုင်ငံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် ပိုလန်ဘောလုံးအဖွဲ့ချုပ်ကတော့ ငြင်းဆန်ပယ်ချထားခဲ့ပါတယ်။

ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီးချိန်မှာတော့ ပိုလန်၊ဆွီဒင်နဲ့ ချက် တို့အပါအဝင် ဘောလုံးအသင်းတော်တော် များများက ရုရှားနဲ့ စကားတော့မှာမဟုတ်ဘူးလို့ ကြေညာခဲ့ကြပါတယ်။

ရုရှားဟာ နိုင်ငံတကာအားကစားနည်းတွေဖြစ်တဲ့ ကျွမ်းဘား၊ရပ်ဘီ၊လှေလှော်နဲ့ စကိတ်စီး အဖွဲ့တွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ပိတ်ပင်ခံရတာတွေအတွက်လည်း အယူခံဝင်ခဲ့တယ်လို့ CAS ကပြောခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.