ကိဗ်၊ မတ် ၁၅

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းဇကီး က ယူကရိန်းသာမက အတ္တလန္တိတ်မဟာမိတ်နိုင်ငံတွေကိုပါ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးရန်နှင့် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရန်အတွက် နေတိုးကို တနင်္လာနေ့က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

သို့သော်လည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ မော်စကိုက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးကတည်းက ထိုကိစ္စနှင့် ပတ်သက်၍ ကိုးကားထားတဲ့ တူညီတဲ့ အကြောင်းပြချက်အတွက် အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ငြင်း ဆိုခဲ့ပြီး၊ လေယာဉ်မပျံသန်းရဇုန် ထူထောင်ဖို့ ကြိုးပမ်းမှုဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ရုရှားနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်စေပြီး ပိုမိုကျယ်ပြန့်လာစေကာ ပိုအန္တရာယ်များသောပဋိပက္ခကို ဦးတည်သွားစေမှာ ဖြစ်ပါသည်။

နေတိုး၏ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ခြင်းသည် ရုရှား၏ သာလွန်သောလေကြောင်းပါဝါကို ယူကရိန်း တို့အပေါ် တပ်ဖြန့်ထားနိုင်မှုကို တားဆီးနိုင်မည့်အပြင် ကိယက်ဗ်တွင် ရုရှားတို့အပေါ် သိသိသာသာ ထိရောက်သော ၎င်းတို့ရဲ့ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို မပျံသန်းနိုင်တော့မည် မဟုတ်ပါ။

ယူကရိန်းတွင် ၎င်းတို့၏ကိုယ်ပိုင်ဂျက်လေယာဉ်များ စစ်ရေးလုပ်ဆောင်ရန်အတွက် ပြင်ဆင်ထားရမည်ဖြစ်ပြီး စစ်ပွဲတွင် တိုက်ရိုက်ပါဝင်သူများကို ထိထိရောက်ရောက်ဖြစ်စေရန် အမေရိကန်နှင့် နေတိုးအရာရှိများက ပြတ်ပြတ်သားသားပြောဆိုထားခြင်းဖြစ်သည်။

“ဒီလိုလုပ်လိုက်မယ်ဆိုရင် ဥရောပမှာ စစ်ပွဲကြီးတစ်ခုနဲ့ အဆုံးတိုင်သွားမှာဖြစ်ပြီး နိုင်ငံတော်တော်များများနဲ့ လူသားတွေ ဒုက္ခပိုခံစားရစေမယ့် အခြေအနေနဲ့ အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနာကျင်စရာ ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ပါတယ်” ဟု နေတိုးအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဂျန်စ်စတော်တန်ဘာ့ဘ် က မတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

တစ်ရက်အကြာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို လေယာဉ်မပျံသန်းရဇုန်သတ်မှတ် ပြဋ္ဌာန်းရန် ကြိုးစားနေသည့် မည်သည့်နိုင်ငံကိုမဆို ကျွန်ုပ်တို့၏လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်အဖွဲ့က အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမှ ကာကွယ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နေရာများ ထူ ထောင်ရန်နှင့် ယူကရိန်းတွင် ကန့်သတ်ထားသော လေယာဉ်မပျံသန်းရဇုန်တစ်ခုသတ်မှတ်ရန် နေတိုးတပ်ဖွဲ့ဝင် များ တောင်းဆိုသည့် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

သို့သော် နေတိုးလေယာဉ်များသည် ရုရှားလေယာဉ်များကို ပစ်ချရန် ဆန္ဒရှိနေဆဲဖြစ်သောကြောင့် ရုရှားနှင့် ပဋိပက္ခဖြစ်နိုင်ခြေကို ကန့်သတ်နိုင်လိမ့်မည်မဟုတ်ကြောင်း ဝေဖန်သူများက ဆိုသည်။

ယခုအချိန်အထိ ယူကရိန်းစစ်ပွဲသည် နှစ်ဖက်စလုံးတွင် လေကြောင်းအင်အားအပေါ် ကြီးကြီးမားမား မှီခိုခြင်း မရှိသေးပေ။ ၎င်း၏ကျူးကျော်မှုတွင် ရုရှားနိုင်ငံသည် တိုက်ခိုက်ရန်အတွက် တာဝေးပစ်ဒုံးကျည်များနှင့် မြေပြင် အမြောက်ပစ်ခတ်မှုများအပေါ် သာအများစုအားကိုးလျက်ရှိသည်။ ပြန်လည်တိုက်ခိုက်မှုတွင်လည်း ယူကရိန်း လူမျိုးများသည် မြေပြင်ပစ်ခတ်မှုများကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါသည်။

ယူကရိန်းအနောက်ပိုင်းရှိ အခြေစိုက်စခန်းတစ်ခုအား ရုရှား၏ ဒုံးကျည်ဖြင့် တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ဥပမာပေး ထောက်ပြခဲ့ပြီး ထိုအချိန်တွင် ရုရှားပိုင်နက်ကို ဖြတ် ကျော်ပျံသန်းသည့် လေယာဉ်များအား ခရုဇ်ဒုံးကျည် နှစ်ဒါဇင်ခန့်ကို ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။

“ယူကရိန်းနိုင်ငံအတွင်း ၎င်းလေယာဉ်မပျံသန်းရဇုန်က ဒီတိုက်ခိုက်မှုတွေအပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး” “ဖြစ်ပေါ်နေတဲ့ လေကြောင်း လှုပ်ရှားမှုအားလုံးကို ရပ်တန့်မှာ မဟုတ်ပါဘူး” ဟု တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.