ရီယိုဒီဂနေရို၊ မတ် ၁၅

သာမန်နေရာမှမဟုတ်ဘဲ ထွက်ပေါ်လာသည့် အားလပ်ရက် ဇာတ်လမ်းတစ်ခုသည် ဘရာဇီးလ်နိုင်ငံသား ကောင်လေးငယ် ဂါဘရီရယ် ဆေးလ်ဗား ၏ အမှိုက်ပုံမှ ခရစ္စမတ်သစ်ပင်ကို ဆွဲထုတ်နေသည့် ဓါတ်ပုံသည် သူ့မိသားစုအတွက် အိမ်တစ်လုံးဝယ်ရန် အထောက်အကူဖြစ်ခဲ့သည့် ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့သည်။

AFP ဓာတ်ပုံသတင်းထောက် ဂျိုးပေါ်လို ဂီမာရီးစ်သည် ဘရာဇီးအရှေ့မြောက်ပိုင်းရှိ Pinheiro မြို့တွင် မနှစ်က ခရစ္စမတ်မတိုင်မီ ရက်သတ္တပတ်များအတွင်းက ဆေးလ်ဗား ၏ ဓာတ်ပုံကို ရိုက်ကူးခဲ့ပြီး လင်းတများနှင့် ဆင်းရဲနွမ်းပါးသော အမှိုက်ကောက်သူများ ဝိုင်းအုံနေသည့် အမှိုက်ပုံးထဲမှ ပလတ်စတစ် ခရစ်စမတ် သင်ငယ်တစ်ပင်ကို ဆွဲယူသည့်ဓါတ်ပုံက ထိုစဉ်က ဇာတ်လမ်းစတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဓာတ်ပုံသည် ပျံ့နှံ့သွားခဲ့ပြီး ဆေးလ်ဗား နှင့် ၎င်း၏မိသားစုသည် မကြာမီတွင် ဘရာဇီးလ်နိုင်ငံသား သန်းပေါင်းများစွာနေထိုင်သည့် တရားမဝင်အမှိုက်ပုံကြီးတွင် အသက်ရှင်ရပ်တည်ရန် ရုန်းကန်လှုပ်ရှားခဲ့ကြ သူများအတွက် ဆင်းရဲမွဲတေမှု၏ သင်္ကေတလှူဒါန်းမှုအဖြစ် လူအများအပြားထံမှ အလှူငွေအများအပြားကို စတင် ရရှိခဲ့သည်။

ပထမဆုံး ခရစ္စမတ်သစ်ပင်တစ်ပင်၊ ထို့နောက် စက်ဘီးတစ်စီး၊ ထို့နောက် ငွေ– နောက်ဆုံးတွင် ဆေးလ်ဗား သူ့ အမေနှင့် မွေးချင်းသုံးဦးသည် ၎င်းတို့၏ ညစ်ပတ်ပေကျံနေသည့် မြေနေရာမှ ထွက်ခွာပြီး အုတ်အိမ် တစ်လုံးဝယ်ရန် လုံလောက်သည်အထိ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

“ဒီပုံကြောင့် ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး” “ဒီအိမ်လေးရလို့ အရမ်းပျော်တယ်။ ကျွန်တော်တို့မှာ တစ်ခါမှ မရှိဘူး၊ ဘာမှမရှိတဲ့ ရွှံ့တဲလေးတစ်လုံးမှာ နေခဲ့ရတယ်။ အခု ကျွန်တော့်မှာ အိမ်ကောင်းလေးတစ်အိမ်ရှိပါတယ်” ဟု အသက် ၁၃ နှစ်ရှိနေပြီဖြစ်သော စွန့်ပစ်ပစ္စည်းနှင့် အမှိုက်များကို ပြန်လည်ရောင်းချခြင်းပြုလုပ်ကာ ဝင်ငွေရှာသည့် ဆေးလ်ဗားက ပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.