စင်ကာပူ၊ မတ် ၁၄

၂၀၂၁ ခုနှစ်တွင် အဆမတန် မြင့်တက်လာခဲ့သော အလုပ်လက်မဲ့နှုန်းမှာ ယခုနှစ်တွင် ကပ်ဘေးမတိုင်ခင် အခြေအနေနီးပါးထိကျဆင်းသွားခဲ့ပြီဟု စင်ကာပူ လုပ်သားအင်အားဝန်ကြီးဌာနမှ မတ်လ ၁၄ ရက်နေ့ တွင် ထုတ်ပြန်‌သော အလုပ်အကိုင်ဈေးကွက်အစီရင်ခံမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးမှု  အရှိန်အဟုန် ပြန်လည်ရရှိလာခြင်း၊ လုပ်သားငှားရမ်းခြင်း နှင့် အလုပ်ခေါ်စာများ ပြန်လည်ထွက်ပေါ်လာခြင်း စသည့်အခြေအနေများနှင့်အတူ လုပ်သားဈေးကွက် ပြန်လည်နာလန် ထူရေးသည် အချိန်ယူရနိုင်သည်ဟု အဆိုပါ ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ 

သို့သော်လည်း စင်ကာပူလုပ်သားအင်အားဝန်ကြီးဌာနသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာ အတွင်းရှိ အကျဘက်ကို ဦးတည်သော ဘေးဖြစ်နိုင်ချေများ မြင့်တက်လာမှုသည် ထိုလုပ်သားဈေးကွက် ပြန်လည်နာလန်ထူရေးကို ထိခိုက်နိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

“၂၀၂၂ အထိတိုင် လုပ်သားဈေးကွက် ဆက်လက်တိုးတက်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် မကြာသေးမီရက်သီတင်းပတ်များအတွင်းက အကျဘက်ဦးတည်တဲ့ ဘေးဖြစ်နိုင်ချေများကြောင့် ပြန် လည်ကုစာရေးဖြစ်စဥ်ကို သက်ရောက်နိုင်ပါတယ်” ဟု လုပ်သားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အောက်ဘက်ကမ်က ပြောကြားခဲ့သည်။ 

နှစ်စဥ်ပျမ်းမျှအလုပ်လက်မဲ့နှုန်းထားမှာ ၃ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး နိုင်ငံတွင်း နေထိုင်သူများ၏ အလုပ်လက်မဲ့နှုန်းထားမှာ ၄.၁ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ 

စင်ကာပူနိုင်ငံသားများ၏ အလုပ်လက်မဲ့နှုန်းထားမှာ ၄.၂ ရာခိုင်နှုန်းမှ ယခုအခါတွင် ၃.၇ ရာခိုင်နှုန်း အထိ ရှိသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ယင်းနိုင်ငံသားများ၏ အလုပ်လက်မဲ့နှုန်းထားများမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတိုင်းအတာများအထိ ကျဆင်းသွားခဲ့ပြီးဟု ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ 

စင်ကာပူနိုင်ငံတွင်းနေထိုင်ကြသူများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ကျန်းမာရေး နှင့် လူမှုရေးရာဝန်‌ဆောင်မှုများ၊ ကျွမ်းကျင်အဆင့် ဝန်ဆောင်မှုများ၊ စီမံအုပ်ချုပ်‌ရေးနှင့် အထောက်အကူ ပြုဝန်ဆောင်မှုများ နှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများတွင် အလုပ်အကိုင်ရရှိမှု မြင့်မားသည်။  

သို့သော်ငြားလည်း တစ်နှစ်လုံးအတိုင်းအတာတွင် တင်းကျပ်သော ခရီးသွားကန့်သတ်ချက်များကြောင့် ဟိုတယ်နှင့် တည်းခိုရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် အထောက်အကူပြု ဝန်ဆောင်မှုများ၊ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေခြင်း စသည့် ကဏ္ဍများတွင် အလုပ်အကိုင်ရရှိမှုနှုန်းထားမှာ အတော်အတန် ကျဆင်းသွားခဲ့သည်။ 

‌ဘာသာပြန် – အောင်မျိုးမြတ် 

Ref: CAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.