ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၆

“ယူကရိန်းသာ အောင်နိုင်ရမည်” ဟုဆိုကာ လူရာနှင့်ချီ လမ်းပေါ်စုဝေး ကြွေးကြော်ကာ မော်စကိုတုံ့ပြန် နိုင်မည့် လုပ်ဆောင်ချက်များကို တောင်းဆိုခဲ့ကြသလို တိုကျိုမြို့ရှိ ဆန္ဒထုတ်ဖော်သူများကလည်း ရုရှား ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြသည်။ 

ယူကရိန်းသို့ ကရင်မလင်၏ ရုရှားတပ်များကျူးကျော်မှုကို ရှုတ်ချသည့် ကုလလုံခြုံရေးကောင်စီ၏ ဆုံး ဖြတ်ချက်ကို ရုရှားမှ ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် ယူကရိန်းမြို့တော်အတွင်း ရုရှားနှင့် ယူကရိန်း တပ်ဖွဲ့များ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်ချိန်တွင် ထိုကဲ့သို့ လူထုဆန္ဒပြမှုများ ပေါ်ထွက်လာ ခဲ့ဖြစ်ပါ သည်။ 

ရာစုနှစ်များအတွင်း ဥရောပ၏ အကြီးမားဆုံးသော လုံခြုံရေးအကျပ်အတည်းဖြစ်သည့် ကျူးကျော်ဝင် ရောက်မှုနှင့် ပတ်သက်ပြီး တိုကျိုမှသည် ဝါဆော၊ လန်ဒန်၊ နယူးယောက်မြို့များအထိ ထောင်နှင့်ချီသော လူအုပ်စုများပါဝင်သော  ဆန္ဒထုတ်ဖော်မှုများ ယခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့သည်။

ဝန်ကြီးချုပ် စကော့မော့ရီဆန်အစိုးရသည် မော်စကိုကို ဆန့်ကျင်သည့် အရေးယူးပိတ်ဆို့မှုများကို ပြုလုပ်ဖို့ ရုရှားနိုင်ငံသားများ ဩစတြေးလျသို့ လာရောက်လည်ပတ်ခြင်းကို တားမြစ်ဖို့ အချို့သော လူများကို တောင်းဆိုထားပြီး နေတိုးတပ်အဖွဲ့အနေဖြင့် ထိုပဋိပက္ခအတွင်းသို့ ဝင်ရောက်သင့်သည်ဟု အခြားသော သူများကလည်း တောင်းဆိုနေကြပြန်သည်။ 

ဆန္ဒထုတ်ဖော်သူတစ်ဦးကလည်း “ဒါဟာ တတိယကမ္ဘာစစ်ပါ၊ ယူကရိန်းတစ်ခုတည်းမှာဖြစ်နေတဲ့ စစ်မဟုတ်ပါဘူး၊ လူတိုင်းအပေါ်မှာဖြစ်နေတဲ့ စစ်ပွဲပါ” ဟု ပြောကြားခဲ့သည်။ 

ရုရှား၏ ကျူးကျော်သော လုပ်ရပ်ကြောင့် ရုရှားနိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူ့မလိုင် နိုင်ငံသားများကို ပိတ်ဆို့အရေးယူမှုများကို ဆက်တိုက်ပြုလုပ်နေကြသည့် အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အခြားသောနိုင်ငံများနည်းတူ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့လည်း ထိုသို့ ပိတ်ဆို့ အရေးယူမှုများလုပ်ဆောင်ရေးတွင် ပါဝင်လာခဲ့ပြီ ဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.