ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇

မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့များက ဘန်ကောက်၏ ဆိုင်းမိုင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ခုအတွင်းသို့ ဝင်ရောက်စီးနင်းစဥ် မူးယစ်ကွန်ယက်အဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို (NSB) ရဲတပ်ဖွဲ့ က သောကြာနေ့ မနက်ခင်းမှာ ဆိုင်းမိုင်ရွမ်ယန် ကျေးရွာရှိ နေရာ ၂၂ ခုကို စီးနင်းခဲ့ပါသည်။ 

NSB ဌာနခွဲ ၁ ၏ ကွပ်ကဲရေးအရာရှိ ဒုရဲမှူးကြီး ပွန်ပီထစ် ရူယန်ယွန်၏ ပြောကြားချက်အရ သံသရရှိသူ ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး စုစုပေါင်း  ၈,၀၆၀,၃၈၀ ဘတ်တန်ဖိုးရှိသည့် စီးပွားရေးဆိုင်ရာ အဆောက်အဦးတစ်လုံး၊ လူနေအိမ်တစ်လုံး၊ ကားသုံးစင်း၊ မော်တော်ဆိုင်ကယ် ၂ စင်း၊ ရွှေနှင့် ငွေသား ၃၁,၃၈၀ ဘတ်ကို သိမ်းဆည်းခဲ့ သည်ဟု သိရသည်။ 

ယခုစီးနင်းမှုကို “စီဝိုင်” မူးယစ်ဆေးဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရသည့်နောက်ဆက်တွဲ လိုက်ပါ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဗိုလ်မှူးက ပြောကြားခဲ့သည်။ 

ယခုဖမ်းဆီးခံရသော မူးယစ်ဆေးဂိုဏ်းသည် ယင်းတို့ကိုယ်ကို ယုံကြည်စိတ်ချရသည့် ပုံရိပ်ကိုဖန်တီးနိုင်ရန် ထိုင်းစစ်တပ်တွင်း အကြီးတန်းအရာရှိများကို ပေးအပ်သည့် “ဆေ”ဟူသော ဘွဲ့အမည်ကို ဂိုဏ်း၏ အမည်အဖြစ် အသုံးပြုထားသည်။  

ဂိုဏ်းအဖွဲ့ဝင် ၁၂ ဦးကို တရားရုံးတော်မှ ဖမ်းဝရန်ထုတ်နိုင်ရန်အထိ ဆောင်ရွက်ခဲ့ပြီးနောက် သုံးလကျော်ကြာ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်နိုင်ခဲ့သည်ဟု  ဒုရဲမှူးကြီး ပွန်ပီထစ် က ပြောကြားခဲ့သည်။ 

ဆိုင်းမိုင်ခရိုင်၊ ရွမ်ယန်ကျေးရွာအတွင်း လူငယ်လူရွယ်များကို ရောင်းချနိုင်ရန် အဆိုပါဂိုဏ်းမှ မူးယစ် ဆေးဝါးများ ရရှိခဲ့ကြောင်း သံသရရှိသူများမှ ပြောကြားခဲ့သည်။  

NSB ဌာနခွဲ ၁ ၏ ကွပ်ကဲရေးအရာရှိ က NSB အနေဖြင့် သောကြာနေ့မနက်ခင်း၏ သံသရရှိသူ ၁၀ ဦးကို ဖမ်းဆီးနိုင်ရေးတွင် အခြားသော အေဂျင်စီများနှင့်လည်း အတူတကွဆောင်ရွက်ခဲ့ရသည်ဟု ပြောကြားခဲ့ သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.